တောင်ငူမြို့အနီး အင်အားအနည်းငယ်အဆင့်ငလျင်လှုပ်

By ရောင်နီ (မဇ္စျိမ)
01 December 2023
တောင်ငူမြို့အနီး အင်အားအနည်းငယ်အဆင့်ငလျင်လှုပ်
ပုံအညွှန်း - တောင်ငူမြို့အဝင်ဆိုင်းဘုတ်မြင်ကွင်း။   (ပုံ - လူမှုကွန်ရက်)

ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြု၍  ရစ်(ခ်)တာစကေး ၃ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်မြေငလျင်လှုပ်ရှားသွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်သည်။ 

ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန်တွင်  တောင်ငူမြို့၏ မြောက် - အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဟု  မိုးဇလက ထုတ်ပြန်ထားသည်။ 

"  အသံကြားပြီး မြေကြီးတုန်သွားတာ။  နှစ်ကြိမ်။ ဗုံးလို့ထင်လိုက်သေးတာ။ ပြီးမှ ငလျင်လှုပ်မှန်း သိတယ်” ဟု တောင်ငူမြို့ပေါ်နေဒေသခံတဦးက ပြောသည်။ 

ငလျင်လှုပ်ရှားမှုကို တောင်ငူမြို့နှင့် အနီးတဝိုက်နေရာများတွင် သိသာစွာခံစားလိုက်ရပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံများထံမှ သိရ ပြောသည်။ 

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းနှင့် ပဲခူတိုင်း၊ ဧရာဝတီတိုင်းတို့တွင်  မြေငလျင်လှုပ်ရှားမှု မကြာခဏ ဖြစ်ပွားနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၌ အင်အားရစ်(ခ်)တာစကေး  ၄ဒသမ ၃အဆင့်ရှိမြေငလျင်လှုပ်ရှားခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly