နွားတင်သွင်းခွင့်ကို ပြန်ဖွင့်ပေးဖို့ မြန်မာနွားကုန်သည်တွေ ထိုင်းအစိုးရကို ‌တောင်းဆို

By မောင်ခက်နွေ
30 November 2023
နွားတင်သွင်းခွင့်ကို ပြန်ဖွင့်ပေးဖို့ မြန်မာနွားကုန်သည်တွေ ထိုင်းအစိုးရကို ‌တောင်းဆို

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနွားတင်သွင်းခွင့်ပေးဖို့အတွက် ထိုင်းနိုင်ငံသားတွေဦးဆောင်ပြီး မဲဆောက်-ဘန်ကောက်-ချင်းမိုင်လမ်းကို ပိတ်ဆို့ကာ ဒီီနေ့နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြရတာဟာ ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံက  နွားတင်သွင်းခွင့်ကို ထိုင်းအစိုးရဘက်က ပြန်ခွင့်ပြုပေးဖို့  တောင်းဆိုတာဖြစ်တယ်လို့  ဆန္ဒပြတဲ့ထဲမှာပါဝင်တဲ့  ထိုင်းဒေသခံတွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမဝိုင်းတော်သား မောင်ခက်နွေ ကတင်ဆက်ပေးမှာပါ။

ရိုက်ကူး/တည်းဖြတ်/တင်ဆက် - မောင်ခက်နွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly