မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး စစ်ကောင်စီတိုက်ခိုက်မှု ကလေးငယ်အပါအဝင် အရပ်သား၅ဦးသေဆုံး

By ဂျူချန်း(မဇ္ဈိမ)
30 November 2023
မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး စစ်ကောင်စီတိုက်ခိုက်မှု ကလေးငယ်အပါအဝင် အရပ်သား၅ဦးသေဆုံး

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးကတည်းက တိုက်ပွဲဖြစ်ပွားနေပါတယ်။  နိုဝင်ဘာ ၂၆ ရက်နေ့နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်းမှာ ကလေးငယ်တဦးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၅ မိုင်စစ်ဗျူဟာစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်လက်တိုက်ခိုက်သွားမယ်လို့  မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတိပေးထားတာမို့ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ ‌မူဆယ်မြို့ခံတွေကပြောပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်- ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly