ပိုင်ရှင်သစ်အောက် ရန်ကုန်ဆီဒိုးနားဟိုတယ် ပြန်ဖွင့်မည်

ပိုင်ရှင်သစ်အောက် ရန်ကုန်ဆီဒိုးနားဟိုတယ် ပြန်ဖွင့်မည်
Photo: ရန်ကုန် ဆီဒိုးနားဟိုတယ်

မြန်မာတွင် COVID-19 ကြောင့် ရှပ်ဒေါင်း တိုးချဲ့ချမှု၊ စီးပွားရေးလုပ်ငန်းကိစ္စဖြင့် ခရီးသွားသူများနှင့် ချမ်းသာသော ပြည်တွင်း ဧည့်သည်များထံမှ တောင်းဆိုမှု အနည်းအကျဉ်းကိုသာ မျှော်လင့်နိုင်မှုနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတို့နောက်တွင် ရန်ကုန်ရှိ ဆီဒိုးနားဟိုတယ်ကို ယခုသောကြာနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ပြန်ဖွင့်တော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဆီဒိုးနားဟိုတယ်ကို စင်္ကာပူအစိုးရကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းစု Keppel Corp က ယခုနှစ်အစောပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Spring Blossom Ventures ထံ ရောင်းချခဲ့သည်။ ပိုင်ရှင်သစ်ဖြစ်လာသည့် စင်္ကာပူအခြေစိုက် Spring Blossom Ventures သည် ယခုအခါ ဟိုတယ် ဖွင့်လှစ်လည်ပတ်မှုကို ပြန်စတော့မည် ဖြစ်သည်။

ကြယ်ငါးပွင့်အဆင့်ရှိ အဆိုပါ ဟိုတယ်သည် ဂျပန်ကုမ္ပဏီများနှင့် ကြီးမားသော ဈေးဝယ်စင်တာကြီးတခုရှိရာ မြန်မာပလာဇာ၏ ဘေးတွင် တည်ရှိသည်။

ဟိုတယ် ဖွင့်လှစ်လည်ပတ်မှုကို မူလနာမည်ဖြင့်ပင် ပြန်စမည် ဖြစ်ပြီး အခန်း ၂၀၀ ဖြင့် စတင်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်က တိုးချဲ့မှုအရ အခန်းစုစုပေါင်း ၈၀၀ နီးပါးအထိ တိုးမြှင့်ထားခဲ့သည်။ ဧည့်ဝင်မှုအပေါ် မူတည်ပြီး အခန်းတည်းခိုနေထိုင်မှုကို ဆက်လက်ချိန်ညှိလုပ်ဆောင်သွားမည် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အားကောင်းစေရန် ပိုင်ဆိုင်မှုအာမခံများကို ပြန်လည် သီးသန့် စီစဉ်ထားရှိရေး အားထုတ်မှုများအကြား ဟိုတယ်ကို ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း Keppel က မတ်လတွင် ထုတ်ပြန်ကြေညာသည်။

ဇန်နဝါရီမှ စက်တင်ဘာအထိ မြန်မာသို့ လေကြောင်းမှလာသည့် နိုင်ငံတကာ ခရီးသွားဦးရေသည် ၈၈၀,၀၀၀ ကို ကျော်လွန်သည်ဟု စစ်ကောင်စီ အာဏာပိုင်တို့က ပြောသည်။ ယင်းသည် အကြမ်းဖျင်းအားဖြင့် အစောပိုင်းနှစ် အရေအတွက်ထက် ငါးဆဖြစ်သည်။ ခရီးသွားများအနက် အများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဖြစ်ပြီး ရုရှားမှ ခရီးသွားများ လာရောက်မှုလည်း မြင့်တက်နေသည်။

နိုင်ငံ၏ နယ်မြေဒေသများတွင် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပေါ်နေသည်။ ပြည်တွင်း ခရီးသွားနေရာများ ကန့်သတ်ခံထားရစဉ် ဟိုတယ် လုပ်ငန်းအနေဖြင့် အနီးအနား ဟိုတယ်များ၌ တည်းခိုအပန်းဖြေသည့် ပြည်တွင်း ငွေကြေးတတ်နိုင်သူများအကြား ပေါ်ပြူလာဖြစ်သော “staycations” အတွက် တောင်းဆိုမှုကို မျှော်လင့်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly