ဟားမတ်စ်တို့က နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြိုဆို 

ဟားမတ်စ်တို့က နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြိုဆို 
Photo: EPA

အစ္စရေးနှင့် ဟားမတ်စ်ကြားက ယာယီအပစ်ရပ်မှုအောက် နောက်ဆုံး ဓားစာခံပြန်လွှတ်ပေးခြင်းတွင် ဂါဇာ၌ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ထိုင်းဓားစာခံ နှစ်ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နူကာရာက နိုဝင်ဘာ ၂၉ ရက်တွင် ကြိုဆိုသည်။ 

“ပြန်လည်လွတ်မြောက်ပြီး တဲလ်အဗစ်က ဆေးရုံကို ရောက်ရှိလာတဲ့ ထပ်တိုး ထိုင်းဓားစာခံ နှစ်ဦးကို ကြိုဆိုရတာအတွက် ကိုယ်တိုင် ပျော်ရွှင်ရပါတယ်”ဟု ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သည့် ပန်ပရီးက X လူမှုမီဒီယာတွင် ပို့စ်တင်သည်။ 

“အရင် ပြန်လွတ်လာတဲ့ ၁၇ ဦးက အသစ်ရောက်လာသူ နှစ်ဦးကို တန်းစီ ကြိုဆိုပြီး စိတ်ခွန်အား ပေးတာကို မြင်ရတာ အတော်လေး နွေးနွေးထွေးထွေး ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိအထိ ထိုင်းနိုင်ငံသား ၁၉ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၃ ဦးက ဖမ်းဆီးခံထားရတဲ့ ဖြစ်ကြောင်း ပြောသည်။ ဟားမတ်စ်တို့၏ အောက်တိုဘာ ၁၇ ရက် တိုက်ခိုက်မှု၌ ထိုင်းနိုင်ငံသား ၃၉ ဦး သေဆုံးခဲ့သည်။ 

ပြန်လွှတ်ပေးမည့် ပထမ ဦးစားပေးတွင် ထိုင်းနိုင်ငံသားများ ပါဝင်ရေး ကျိန်းသေရန် အားထုတ်ခဲ့ရကြောင်း ဟားမတ်စ်တို့နှင့် တိုက်ရိုက်ပြောဆိုသော ထိုင်းမွတ်စလင် အုပ်စုတရပ်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။ တော်တော်များများ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ဆိုသည်။ 

အစ္စရေး-ဟားမတ်စ် စစ်ပွဲမတိုင်ခင် အစ္စရေးက စိုက်ပျိုးရေးကဏ္ဍတွင် ထိုင်းအလုပ်သမား ၃၀,၀၀၀ ခန့် လုပ်ကိုင်နေကြခြင်းဖြစ်ကာ ယင်းနိုင်ငံတွင် အများဆုံးသော ရွှေ့ပြောင်းအလုပ်သမား အုပ်စုလည်း ဖြစ်သည်။ 

ထိုင်း ၉,၀၀၀ နီးပါးကို နေရပ်ပြန်လည် ခေါ်ယူပြီးကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly