လွိုင်ကော်မြို့ရဲ့ မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ကြောင်း KNDF ပြော

By ဂျူချန်း(မဇ္ဈိမ)
29 November 2023
လွိုင်ကော်မြို့ရဲ့ မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ကြောင်း KNDF ပြော

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

ကရင်နီပူးပေါင်းတပ်တွေက လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို စစ်ဆင်ရေး ဆင်နွှဲနေပြီး မြို့တဝက်လောက်က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

ကရင်နီပူးပေါင်းတပ်တွေက  လွိုင်ကော်မြို့ တဝက်နီးပါး ထိန်းချုပ်နိုင်နေပြီး တမြို့လုံးကို ထိန်းချိုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့  KNDF ဒု- စစ်ဦးစီးချုပ် မာဝီက လက်ရှိ ရန်ပုံငွေရဖို့အတွက် ပြုလုပ်နေတဲ့ “မုဆိုး” ကမ်ပိန်းအစီအစဉ်မှာ ပြောဆိုသွားပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ လွိုင်ကော်အခြေစိုက် တပ်ရင်းတွေ၊ ပြည်နယ်အစိုးရရုံး နဲ့ အထပ်မြင့်အဆောက်အဦတချို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly