ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ဦးရေ ၄၀,၀၀၀ ကျော်ကို "ဝ"ပြည်နယ်အတွင်းခိုလှုံခွင့်ပေးထားပြီး လက်ရှိ ဘေးလွတ်ရာပို့ဆောင်နေကြောင်း "ဝ"ပြည်နယ်ပြင်ပဆက်ဆံရေးရုံး (လားရှိုးမြို့) တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
လောက်ကိုင်စစ်ဘေးရှောင်တွေဟာ "ဝ"ပြည် နမ့်တစ်မြို့ကတဆင့် နေ့စဉ်နီးပါး ဝင်ရောက်နေပြီး "ဝ"ပြည်နယ်ကနေ တန့်ယန်း/ မိုင်းယန်း နယ်ခြားဘက်သို့ ပို့ဆောင်ပေးနေကြောင်း ဦးညီရန်းက မဇ္ဈိမကိုပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှာ "ဝ"ပြည် နမ့်တစ်မြို့ ကနေ တန့်ယန်းမြို့ဘက်ကို စစ်ဘေးရှောင် ဦးရေ ၁,၁၀၀ ကျော်ကို ကားကြီး ၁၇ စီးနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အလားတူ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာလည်း စစ်ဘေးရှောင် ဦးရေ ၁,၅၀၀ ခန့်ကို ကားကြီး အစီး၂၀ နဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN