ရီးယဲလ်နှင့် ဒုတိယအကျော့ပွဲစဉ်ကို ဒေးဗစ်ဆေးလ်ဗား လွဲချော်မည်

ရီးယဲလ်နှင့် ဒုတိယအကျော့ပွဲစဉ်ကို ဒေးဗစ်ဆေးလ်ဗား လွဲချော်မည်

ဧပြီ ၂၇၊ မန်ချက်စတာ ။            ။ အီတီဟတ်ကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် စပိန်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် တံကောက်ကြောဒဏ်ရာ ရရှိသွားသည့်အတွက် ရီးယဲလ်အသင်းပိုင် ဘာနေဗျူးကွင်းတွင် ကစားရမည့် ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်မည် ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက အတည်ပြုခဲ့သည်။

အီတီဟတ်ကွင်းတွင် ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်အသင်း၌ အဓိက ကစားသမား စီရော်နယ်ဒို ပါဝင်နိုင်ခြင်း မရှိသော်လည်း မန်စီးတီးအသင်းမှာ အနိုင်ရအောင် မကစားနိုင်ခဲ့သည့်အတွက် ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည် ဖြစ်သည်။

ပွဲအပြီး၌ မန်စီးတီးနည်းပြ ပယ်လီဂရီနီက 'ဆေးလ်ဗားက တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာပါ။ တစ်ပတ်အတွင်း သူပြန်သက်သာလာမယ်လို့ ကျွန်တော် မထင်ပါဘူး။

ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်း ကစားပုံကောင်းခဲ့ပါတယ်။ ဆေးလ်ဗားဒဏ်ရာရသွားပြီးတာတောင် အသင်းက ဖန်တီးမှုတွေပြုလုပ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။   ဆေးလ်ဗားမရှိတဲ့နောက်ပိုင်းမှာ ဘောလုံးတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အနိုင်မရနိုင်ဘူးဆိုရင်တော့ ဝ-၀ ဆိုတဲ့ ရလဒ်က အကောင်းဆုံးပါပဲ' ဟု ပြောဆိုခဲ့သည်။

ရီးယဲလ်အသင်းဘက်မှ ကာစီမီရိုနှင့် ပီပီတို့၏ ဂိုးရနိုင်သည့် ဂိုးသွင်းချက်များကို အကောင်းဆုံးကာကွယ်နိုင်ခဲ့သည့် မန်စီးတီးဂိုးသမား ဂျိုးဟတ်က ယခုရလဒ်အတွက် စိတ်မပျက်မိကြောင်းနှင့် ဒုတိယအကျော့အတွက် အဆင်သင့်ဖြစ်နေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref: thesun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly