ATP Finals ပြိုင်ပွဲမှာ အောင်မြင်မှု စံချိန်တင်ရယူပြီးနောက် 'အမြင့်ဆုံး ရည်မှန်းချက်တွေ' ရှိတဲ့ ဂျိုကိုဗစ်

ATP Finals ပြိုင်ပွဲမှာ အောင်မြင်မှု စံချိန်တင်ရယူပြီးနောက် 'အမြင့်ဆုံး ရည်မှန်းချက်တွေ' ရှိတဲ့ ဂျိုကိုဗစ်

 

နိုဗက် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ATP Finals ပြိုင်ပွဲမှာ စံချိန်ချိုးပြီး ခုနစ်ကြိမ်မြောက် အောင်ပွဲနဲ့အတူ နောက်ထပ် မယုံနိုင်စရာကောင်းတဲ့ နှစ်တနှစ်ကို ဖြတ်သန်းခဲ့ပြီးနောက် သူ့အနေနဲ့ အရှိန်လျှော့သွားဖို့ ရည်ရွယ်ချက်ရှိမနေပါဘူး။

ဂျိုကိုဗစ်ဟာ အသက် ၃၆ နှစ်အရွယ်မှာ တင်းနစ်ပြိုင်ပွဲရဲ့ နံပါတ်တစ်ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ စံချိန်သစ်များစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး သူ့ရဲ့ ဂရင်းစလင်းချန်ပီယံဆုကို ၂၄ ကြိမ်အထိ မှတ်တမ်းတင်ထားရင်း နှစ်ကုန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရှစ်ကြိမ်မြောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ တူရင်မှာ အောင်ပွဲအတွက် သူ့ရဲ့လမ်းကြောင်းမှာ ချန်ပီယံဆုကို စိန်ခေါ်လာတဲ့ လူငယ်တင်းနစ်ကစားသမားတွေဖြစ်တဲ့  ကားလို့စ် အယ်လ်ကာရာ့ဇ်နဲ့ ဂျာနစ် ဆင်နာတို့ကို ကျော်ဖြတ်ခဲ့တာပါ။

ဗိုလ်လုပွဲမှာတော့ ဂျိုကိုဗစ်ဟာ အုပ်စုအဆင့်တွေ့ဆုံတုန်းက အရှုံးပေးခဲ့ရတဲ့ အီတလီနိုင်ငံသား ဆင်နာနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ပြန်လည်ဆုံခဲ့မှုမှာတော့ ဂျိုကိုဗစ်က ဆင်နာကို ၆-၃၊ ၆-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို ပါရီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အခါ ဂျိုကိုဗစ်ဟာ နောက်ထပ်အောင်မြင်မှုကို ပစ်မှတ်ထားနေပါတယ်။ သူဟာ အဓိကပြိုင်ပွဲကြီးတခုဖြစ်တဲ့ အိုလံပစ်ဆုတံဆိပ်ကို ရယူနိုင်ခြင်း မရှိသေးတာကြောင့်ပါ။

တင်းနစ်မှာ တခြားဘာတွေက သူ့ရည်မှန်းချက်ကို ပြီးမြောက်အောင်နိုင်စေသလဲလို့ မေးရာမှာ ဂျိုကိုဗစ်က "ကောင်းပါပြီ၊ ခင်ဗျားဟာ ဂရင်းစလမ် လေးကြိမ်နဲ့ အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးနိုင်တယ်လေ"လို့ အရွှန်းဖောက်ခဲ့ပါတယ်။

"ကျနော့်မှာ အမြင့်ဆုံး ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေ အမြဲရှိတယ်။ အဲဒါက နောက်နှစ်အတွက် ကွာခြားနေမှာ မဟုတ်ဘူး၊ အဲဒါက သေချာပါတယ်။ ကျနော့်မှာ တွန်းအားက အဲဒီနေရာမှာ ရှိနေတုန်းပါပဲ"လို့ သူက ထပ်ပြောခဲ့ပါတယ်။

"အထူးသဖြင့် အားကစားမှာ အကြီးကျယ်ဆုံး ပြိုင်ပွဲတွေအတွက် စေ့ဆော်မှုက ရှိနေဆဲပါ ... ကျနော့်အတွက်ကတော့ အဲဒါတွေက ဂရင်းစလမ်နဲ့ AFT Finals တွေဖြစ်တယ်ဆိုတာ အသိအသာပါ။ နောက်နှစ် အိုလံပစ်အားကစားပြိုင်ပွဲကိုလည်း မျှော်လင့်ချက်အပြည့်ရှိပါတယ်။"

ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်းမှာ ဂရင်းစလမ်ချန်ပီယံဆု သုံးခုရခဲ့သလို ကမ္ဘာ့အဆင့် (၁) နေရာကိုပါ အယ်ကာရက်ဇ်ဆီကနေ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly