၈ ကြိမ်မြောက် ဘလွန်းဒီအော်ကို ရယူပြီးနောက် နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ 'သံသယမရှိ'တဲ့ လီယွန်နယ်မက်ဆီ

၈ ကြိမ်မြောက် ဘလွန်းဒီအော်ကို ရယူပြီးနောက် နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ 'သံသယမရှိ'တဲ့ လီယွန်နယ်မက်ဆီ
Photos: EPA

လီယွန်နယ်မက်ဆီကတော့ ဘလွန်းဒီအော် (Ballon d'Or)ဆုတွေအတွက် သူ့ရဲ့စံချိန်မှတ်တမ်းကို တိုးမြှင့်ပြီးနောက် အင်တာမိုင်ယာမီဟာ နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ သံသယမရှိပါဘူးလို့ သူက ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမားဟာ သူ့နိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရှစ်ကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ဇူလိုင်လမှာ မိုင်ယာမီသို့ ပြောင်းရွှေ့ဖို့ PSG အသင်းမှ ထွက်ခွာခဲ့ပြီး MLS ကလပ်ဟာ သြဂုတ်လမှာ ၎င်းတို့ရဲ့ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

“ကျနော်တို့ဟာ ပျော်ရွင်နေပြီး ဆုဖလားတွေ ဆက်လက် ရယူသွားမှာဖြစ်ပါတယ်။"လို့ မက်ဆီက ပြောပါတယ်။

"ကျနော် ဒီနေရာကို ရောက်လာခဲ့ပြီးတဲ့ လတွေတိုင်းမှာ ခင်ဗျားတို့တွေ ကျနော်တို့ကို လိုက်ပါအားပေးခဲ့တဲ့သလို ကျနော်တို့အနဲ့အတူ ဆက်ရှိနေပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

မက်ဆီဟာ ၂၀၂၃ US ရာသီပိတ်သိမ်းမယ့် နယူးယော့ခ်စီးတီးနဲ့ ခြေစမ်းပွဲအဖြစ် မိုင်ယာမီမှာ သူ့ရဲ့ ပထမဆုံးပွဲပြန်မကစားခင် ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ခြေစမ်းပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ သူ့ရဲ့အသင်းကိုတော့ ကူညီမပေးနိုင်ခဲ့ပါဘူး။

ကလပ်အသင်းဟာ DRV PNK ကွင်းမှာ အထူးအခမ်းအနားတရပ်ကျင်းပကာ ပွဲကို 'Noche d'Or'လို့ နာမည်ပေးခြင်းဖြင့် မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။

“ဒီလိုလှပတဲ့ဂုဏ်ပြုမှုအတွက် ဒီမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်”လို့ မက်ဆီက ပြီးခဲ့တဲ့လက ပါရီမှာ ရယူခဲ့တဲ့ ဆုကို ကိုင်မြှောက်ပြီးနောက် ပြောပါတယ်။ “ကျနော် ဒီကို ရောက်လာတာ ဘာမှ မကြာသေးပါဘူး။ ဒါပေမယ့် အချိန်အကြာကြီးလိုပါပဲ။

“ဒီကာလအတွင်းမှာ ကျနော်နဲ့ ကျနော်မိသားစုအပေါ် အရေးတယူဆက်ခံမှုအတွက် ဒီမှာရှိတဲ့သူတွေသာမက မြို့ထဲမှာရှိတဲ့ မိုင်ယာမီက လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။

"သူတို့က ကျနော့်ကို ချစ်ခင်မှုအများကြီး ပြခဲ့တယ်၊ အိမ်မှာ ရှိနေတဲ့ ခံစားချက်မျိုး ကျနော့်ကို ပေးပါတယ်။"

"ကျနော်တို့တွေအတူ ပျော်ရွင်ရမယ်ဆိုတာ သံသယမရှိခဲ့ပါဘူး၊ နောက်နှစ်မှာ ပိုကောင်းလာမယ်ဆိုတာကို ဒီနေ့မှာ ကျနော် နည်းနည်းမှ သံသယ မရှိပါဘူး"လို့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်ထားတဲ့ မက်ဆီက ပြောပါတယ်။

မိုင်ယာမီအသင်းဟာ ၂၀၂၃ ရာသီအတွင်း မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဘူးစကွက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကိုလည်း ခေါ်ယူခဲ့ပြီး ၂၀၂၄ ရာသီမတိုင်ခင် ရောက်ရှိလာမယ့် တခြား ဘာကာကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; AFP, BBC

#messi #lionelmessi #BallondOr #InterMiami #မက်ဆီ #အင်တာမိုင်ယာမီ #ဘလွန်းဒီအော် #Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly