ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့် ကိုယ်စားလှယ်လောင်းလို့ ထင်ကြေးပေးခံခဲ့ရသူ Move Forward ပါတီရဲ့ အကြံပေး ဘုတ်အဖွဲ့ဝင် တဦး ဖြစ်တဲ့ ပီတာ လင်ဂျာရွန်ရတတ်က သူရဲ့လူထု တွေ့ဆုံပွဲကို မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြန်မာ ဘုန်းတော်ကြီးကျောင်းဖြစ်တဲ့ ဝတ်ထိုင်း ဝတ်ထနာရာ( မြန်မာတွေရဲ့ အခေါ် မယ်တော် ဘုန်းကြီးကျောင်း ) မှာ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီ ပြည်သူလူထု တွေ့ဆုံပွဲကို Move Forward ပါတီကို အားပေး ထောက်ခံတဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် မဲဆောက်မြို့က မြန်မာ တိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင်၊ ပအို နဲ့ ဗမာလူမျိုး အချို့လည်း သွားရောက် တွေ့ဆုံခဲ့ ကြတယ်လို့ အဲ့ဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သူတွေဆီက သိရ ပါတယ်။
သတင်း။ ရိုက်ကူး/တင်ဆက်/တည်းဖြတ်>>>> ကိုရွှေမြိတ်