ရန်ကုန်မြို့၏ သမိုင်းအမွေအနှစ်အဆောက်အအုံ ၂၀၀ ခန့်ကို သုတေသနပြုမှတ်တမ်းတင်ထားသည့် စာအုပ်ထွက်တော့ မည်

ရန်ကုန်မြို့၏ သမိုင်းအမွေအနှစ်အဆောက်အအုံ ၂၀၀ ခန့်ကို သုတေသနပြုမှတ်တမ်းတင်ထားသည့် စာအုပ်ထွက်တော့ မည်
၁၉၄၇ နှစ် ဇူလိုင်လ ၁၉ ရက်က ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်များရုံး) တွင် အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရသည့် အဆောက်အအုံအား ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ပြည်သူလူထုကို ပထမဆုံးအကြိမ်အဖြစ် ဝင်ခွင့်ပေးခဲ့စဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ၊ ၂၅ ။           ။ ရန်ကုန်မြို့၏ အထင်ကရသမိုင်းအမွေအနှစ်အဆောက်အအုံ ၂၀၀ ခန့်ကို သုတေသနပြုမှတ်တမ်းတင်ထားသော Relics Of Rangoon စာအုပ်မှာ ထွက်ရှိရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း ယင်းစာအုပ်ကိုပြုစုထုတ်ဝေသူများက ကြေညာချက်ထုတ်ပြန်လိုက်သည်။

ထိုစာအုပ်ကို အမေရိကန်အလွတ်တမ်းသတင်းစာဆရာ ဖိလစ်ဟေဂျမန်စ်က အချိန် ၂ နှစ်ကျော်ယူပြီး သုတေသနအဖွဲ့တစ်ဖွဲ့၊ ဓါတ်ပုံပေါင်း ၈၀၀၀ ကျော်၊ အစိုးရအရာရှိများ၊ ထိန်းသိမ်းစောင့်ရှောက်သူများ ၊ ဗိသုကာပညာရှင်များ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ နှင့် တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးများကို သုတေသနပြု ဖန်တီးထားခြင်းဖြစ်သည်။

အရည်အသွေးမြင့်ဓါတ်ပုံစာအုပ်တစ်အုပ်ဖြစ်သော Relics of Rangoon စာအုပ်သည် စာမျက်နှာ ၃၆၀ ကျော် ပါဝင်ပြီး အရွယ်အစားမှာ ၁၀ x ၁၂ လက်မ ရှိမည်ဖြစ်သည်။

အဆိုပါစာအုပ်နှင့်ပတ်သက်ပြီး NLD ပါတီ၏ စီးပွားရေးအကြံပေးတစ်ဦးလည်းဖြစ် ၊ ဘောဂဗေဒပါမောက္ခတစ်ဦးလည်း ဖြစ်သည့် ရှောင်တာနယ်လ် က'' ဒီလှပတဲ့စာအုပ်ဟာ အသိဉာဏ်မျက်စိတွေကို ဖွင့်ပေးမယ့် စာအုပ်တစ်အုပ်ဖြစ်လာမှာပါ။ ဖိလစ်ဟေဂျမန်စ် ရဲ့ အကောင်းတကာ့အကောင်းဆုံးဓါတ်ပုံတွေ နဲ့ သူ့ရဲ့ လိုရင်းတိုရှင်းနဲ့ထိရောက်တဲ့ သုတေသန သုတေသနတင်ပြပုံတွေက  ကမ္ဘာလှည့်ခရီးသွားတွေ၊ သက်ဆိုင်ရာပညာရှင်တွေ မျက်စိကျစရာဖြစ်လာမှာပါ '' ဟု ပြောကြားထားသည်။

Relics of Rangoon စာအုပ်ကို မေလ၊ ၄ ရက်နေ့၊ ည ၇ နာရီတွင် ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ ပန်ဆူရီယာ ဂယ်လယ်ရီစတင်မိတ်ဆက်ဖြန့်ချိသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly