လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္ဈိမ)
07 November 2023
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကာ ဒေသခံအမျိုးသမီးများနှင့် လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

#စစ်အာဏာရှင်ဆန္ဒပြ
#လောင်းလုံးမြို့နယ်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly