ဂါဇာရှိ ဆေးရုံက လူသားချင်း စာနာထောက်ထားရေးအတွက်ဟု အစ္စရေးစွပ်စွဲချက်ကို အင်ဒိုနီးရှား တုံ့ပြန် 

By Antara 
07 November 2023
ဂါဇာရှိ ဆေးရုံက လူသားချင်း စာနာထောက်ထားရေးအတွက်ဟု အစ္စရေးစွပ်စွဲချက်ကို အင်ဒိုနီးရှား တုံ့ပြန် 

အင်ဒိုနီးရှား တည်ဆောက်ထားသည့် ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံသည် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးရန်နှင့် ပါလက်စတိုင်းတို့၏ ဆေးကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်း ပြောသည်။ 

“ဒီ အင်ဒိုနီးရှားဆေးရုံကို လက်ရှိမှာ ဂါဇာရှိ ပါလက်စတိုင်းအာဏာပိုင်တွေကို အပြည့်အဝ စီမံနေတာ ဖြစ်တယ်၊ အင်ဒိုနီးရှား စေတနာ့ဝန်ထမ်းတွေလည်း အမြဲလို အကူအညီ ပေးနေတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လာလူမိုဟာမတ်အစ်ဘယ်က အင်္ဂါနေ့၌ ဆိုခြင်း ဖြစ်သည်။ 

ဆေးရုံအဆောက်အအုံ၏ အောက်တွင် တူးမြောင်းတည်ရှိနေပြီး ဟားမတ်စ်တို့က တိုက်ခိုက်မှုများအတွက် အသုံးပြုနေသည်ဟု အစ္စရေး၏ စွပ်စွဲချက်ကို တုံ့ပြန်ပြီး အစ်ဘယ်က ထုတ်ပြန်ချက်၌ ဆိုခြင်း ဖြစ်သည်။ 

“ဟားမတ်စ်တွေက မြေအောက် တူးမြောင်းတွေကို ပုံဖျက်ဖို့ အင်ဒိုနီးရှားဆေးရုံကို စနစ်တကျ တည်ဆောက်ထားတယ်”ဟု အစ္စရေးစစ်တပ် ပြောခွင့်ရသူ ဒန်နီယယ် ဟာဂါရီက ပြောဆိုထားခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အင်ဒိုနီးရှားဆေးရုံအပိုင် လောစာထောက်ပံ့မှုကို အသုံးပြုနေကြောင်း ဟားမတ်စ်တာဝန်ရှိသူများကြား ရှင်းလင်းပြောဆိုနေသည့် ဖုန်းအသံသွင်းမှုကိုလည်း ၎င်းက ထုတ်ပြခဲ့သည််။ 

အခြားတဖက်၌ အစ်ဘယ်ကလည်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် နေ့စဉ်နှင့်အမျှ လူနာဦးရေ မြင့်တက်နေသည့်ကြား၌ အင်ဒိုနီးရှားဆေးရုံသည် ဂါဇာ၌ အနည်းငယ်သော ကျန်းမာရေးဝန်ဆောင်မှုများမှ တခုဖြစ်သည်ဟု ဆိုသည်။ 

“ဆေးရုံဟာ ခုဆိုရင် လူနာဦးရေ လက်ခံနိုင်တာထက် ကျော်လွန်ပြီး ကုသပေးနေရတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။ 

တချိန်တည်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကလည်း ဆေးရုံနှင့် လူနာတင်ကားများအပါအဝင် ဂါဇာရှိ အရပ်သားများနှင့် လူသားချင်း စာနာထောက်ထားရေး အဆောက်အအုံများကို တိုက်ခိုက်မှုများအား ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly