စစ်ကိုင်းတိုင်း၊ မြင်းမူမြို့သို့ တပ်စွဲရန် ကားနှစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ဗုံးသီးပစ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။
မြင်းမူမြို့ရှိ အထက(၁) အတွင်း အထိုင်ချတပ်စွဲရန် ကားနှစ်စီးဖြင့်ရောက်ရှိလာသည့် အင်းအား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ကျောင်းဝင်းအတွင်းတန်းစီနေစဉ် ဗုံးသီးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကားအကြီးနှစ်စီးနဲ့ တပ်စွဲဖို့လာနေပြီသတင်းရလို့ ဗုံးသီးပစ်တိုက်ခဲ့တယ်။ စစ်ခွေး (စစ်ကောင်စီတပ် ဖွဲ့ဝင်) ၁၀ ကောင်လောက် အပြင်းအထန်ဒဏ်ရာရသွားတယ်”ဟု True Fighter မြင်းမူမြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် Zero ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီက မြင်းမူမြို့၌ အင်အားတိုးချဲ့ချထားခြင်းများပြုလုပ်ထားပြီး လတ်တလောဖြစ် ပေါ်နေသည့်အခြေအနေများအရ မြင်းမူမြို့ပေါ်ရှိ ဝန်ထမ်းများအနေဖြင့် အပြင်မထွက်ရန် သတိပေးထား ကာ ဝန်ထမ်းမိသားစုဝင်များကိုလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားကြောင်း မြို့ခံများထံမှ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ