NUG အွန်လိုင်းတက္ကသိုလ်မှာ ပညာသင်ဖို့ ဒေသအချို့ အခက်ခဲရှိ

By လင်းသူရိန်(မဇ္ဈိမ)
05 November 2023
NUG အွန်လိုင်းတက္ကသိုလ်မှာ ပညာသင်ဖို့ ဒေသအချို့ အခက်ခဲရှိ

အမျိုးသားညီညွတ်ရေးအစိုးရက လတ်တလောမှာ စစ်ကောင်စီပညာရေးစနစ်က တက္ကသိုလ်ဝင် တန်းအောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူတွေကလွဲပြီး CDM ကျောင်းသားကျောင်းသူတွေ တက်ရောက်နိုင်မယ့် တက္ကသိုလ် ၁၆ ခုရဲ့စာရင်းကို ထုတ်ပြန်ထားပါတယ်။

အဲဒီတက္ကသိုလ်တွေက အွန်လိုင်းကနေတက်ရတာဖြစ်လို့ အင်တာနက်မရတဲ့ ဒေသက ကျောင်းသားတွေ အတွက် အခက်အခဲဖြစ်နိုင်တယ်လို့ အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက ထောက်ပြထား ကြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အခြေခံပညာကျောင်းသားကျောင်သူများစွာ CDM ပြုလုပ်ခဲ့ကြသလို ၎င်း တို့ရဲ့ရှေ့ဆက်ရမယ့် ပညာရေးအတွက်ကလည်း အင်တာနက်အခက်အခဲ၊ လုံခြုံရေးပြဿနာတွေအပြင် အခြားစိန်ခေါ်မှုတွေ များစွာရှိနေတာပါ။ NUG ဘက်ကတော့ ကြားကာလပညာရေးကို အကောင်အထည် ဖော်နေပြီး အခုတော့ အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲစစ်ဆေးထားနိုင်ပြီး တက္ကသိုလ်တွေဖွင့် တဲ့ အထိလုပ်ဆောင်ထားပါတယ်။

ကြားကာလပညာရေးအတွက် သင်ရိုးညွှန်တမ်းပိုင်းကို လိုက်လျောညီထွေစွာ ပြင်ဆင်ဖို့ရှိသလို လုံခြုံရေး အပိုင်းလည်း ပြင်ဆင်ထားတယ်လို့ ပညာရေးဝန်ကြီးဌာနက မဇ္ဈိမကို ပြောထားပါတယ်။

တည်းဖြတ်/တင်ဆက်- လင်းသူရိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly