စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ရှောင်တွေမှာ ဆန်မစားနိုင်ဘဲ ဆန်ကွဲနဲ့ ဆန်လတ်(ဆန်ထက်ပိုင်းကျိုး)လို အရာတွေကို အဓိကထား စားသောက်နေရတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ချင်းတွင်း မြစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ရေယာဉ်တွေ စုန်ဆင်းလာတဲ့အတွက် မြစ်ကမ်းတလျှောက် ကျေးရွာတွေက ဒေသခံ ဦးရေ ၇,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။
ဒီရေယာဉ်တွေဟာ အောက်တိုဘာ ၂၉ ရက်နေ့က စပြီး စုန်ဆင်းလာတာဖြစ်ပြီး လက်ရှိ ကနီမြို့အနီးမှာ ဆိုက်ကပ်ထားတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရတာဖြစ်တယ်လို့ လက်ရှိ စစ်ရှောင်နေရတဲ့ အမျိုးသမီးက ပြောပါတယ်။
သတင်း-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ရွှေနွယ်