ဒီပေးကို မန်ချက်စတာယူနိုက်တက်အသင်း ပြန်လည်ရောင်းချရန်ဆန္ဒရှိနေ

ဒီပေးကို မန်ချက်စတာယူနိုက်တက်အသင်း ပြန်လည်ရောင်းချရန်ဆန္ဒရှိနေ

ဧပြီ ၂၄၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါင် ၂၅ သန်းဖြင့်ခေါ်ယူခဲ့ရသော ဒီပေးကို စာချုပ်ပြီးတစ်နှစ်အကြာမှာပင် ပြန်လည်ရောင်းချ ချင်နေသည်။

ပြီးခဲ့သည့်နှစ်ဇူလိုင်တွင် ပီအက်စ်ဗွီအသင်းထံမှခေါ်ယူခဲ့သည့် တစ်နိုင်ငံတည်းသားဒီပေးကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဗန်ဟားလ်ကိုယ်တိုင်ပင် စိတ်ရှည်သည်းခံမှုပျောက်ဆုံးနေသည်။

နယ်သာလန်လက်ရွေးစင်ကစားသမားအနေဖြင့် ယခုတစ်ပတ်အတွင်းတွင် နည်းပြဗန်ဟားလ်နှင့်တွေ့ဆုံစကားပြောရရန်ရှိနေသည်ဟုလည်း သတင်းထွက်နေသည်။

သို့ဖြစ်ရာ အင်္ဂလန်မှသာမက ဥရောပတစ်ဝှမ်းမှကလပ်အသင်းအချို့မှာ ရာသီကုန်တွင် ဒီပေးအတွက် ယူနိုက်တက်က ဈေးနှုန်းသတ်မှတ်မည့် အရေးကို စောင့်ကြည့်နေသည်ဟု မယ်ရာသတင်းစာက ဖော်ပြသည်။

ယူနိုက်တက်၏နာမည်ကျော်များဖြစ်သော ဂျော့ချ်ဘတ်စ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ ဒေးဗစ်ဘက်ခမ်းနှင့် စီရော်နယ်ဒိုတို့ဝတ်ဆင်ခဲ့သည့် ကျောနံပတ်ကို ၇ ကို ဝတ်ဆင်ခွင့်ရထားသော ဒီပေးသည် ပရီးမီးယားလိဂ်ဂိုးနှစ်ဂိုးသာ သွင်းယူထားနိုင်သည်။

၎င်းသည်ပြီးခဲ့သည့်ရာသီ နယ်သာလန်ချန်ပီယံဖြစ်ခဲ့သည့် ပီအက်စ်ဗွီအသင်းတွင် ၂၂ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly