အာဆင်နယ်တွင် ဝဲလ်ကော့တ်ဆက်ရှိရန် အတိအကျမသိသေးဟု အာစင်ဝင်းဂါးဝန်ခံ

အာဆင်နယ်တွင် ဝဲလ်ကော့တ်ဆက်ရှိရန် အတိအကျမသိသေးဟု အာစင်ဝင်းဂါးဝန်ခံ

ဧပြီ ၂၄၊ လန်ဒန်။           ။ လက်ရှိရာသီအလွန် ဝဲလ်ကော့တ်၏ အနာဂါတ်မည်သို့ရှိမည်ကို သေချာမသိသေးကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝန်ခံပြောဆို လိုက်သည်။

အသက် ၂၇ နှစ်အရွယ်ရှိကစားသမားမှာ အဆက်မပြတ်ဒဏ်ရာများကြောင့် လွန်ခဲ့သည့်လများအတွင်းရုန်းကန်ခဲ့ရပြီး အိုင်ဝိုဘီ၊ ဂျိုရယ် ကမ်းဘဲလ်စသည့်ကစားသမားများပေါ်ထွက်လာ၍လည်း မျက်နှာသာပေးခံရခြင်းမရှိခဲ့ပေ။

ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင်လည်းရွေးချယ်ခံရရန် မသေချာသေးသည့်အချိန်တွင် အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်း များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဝဲလ်ကော့တ်အသင်းပြောင်းသွားနိုင်လားဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ အာစင်ဝင်းဂါးက "ကျွန်တော်မသိသေးပါဘူး။ လက်ရှိအချိန်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိသေးဘူး။

ဒါပေမဲ့ သူ (ဝဲလ်ကော့တ်)ဟာ ဆိုးရွားတဲ့ကာလကိုဖြတ်ခဲ့ရတယ်လို့ ထင်ပါတယ်။ သူကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့တယ်။ ဘာကြောင့်လဲဆို တော့ သူအဆင်ပြေတယ်၊ ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်လို့ ပြောခဲ့လို့ပါ။

အခုအချိန်မှစကြည့်မယ်ဆိုရင်တောင် သူတက်တက်ကြွကြွနဲ့ အာရုံစိုက်နေတာကို ခင်ဗျားတွေ့ရမှာပါ။ ရာသီကုန်မှာ သူဘယ်လောက်လုပ်နိုင် မလဲ စောင့်ကြည့်ကြတာပေါ့"ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly