အကျဉ်းကျခံနေရသူတွေကို မိသားစုနဲ့ လူချင်းတွေ့ခွင့် ပြန်ပေးမယ်

By လင်းသူရိန် (မဇ္ဈိမ)
22 October 2023
အကျဉ်းကျခံနေရသူတွေကို မိသားစုနဲ့ လူချင်းတွေ့ခွင့် ပြန်ပေးမယ်

ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတဲ့ စစ်ကောင်စီက လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့က စပြီးတော့ အကျဉ်ထောင်အသီးသီးမှာ ထောင်ဝင်စာလူချင်းတွေ့ခွင့် ပြန်ပေးတော့မယ်လို့ သိရပါတယ်။

ဒီလိုတွေ့ဆုံခွင့်ကို စစ်ကောင်စီက အကန့်အသတ်များစွားနဲ့ ပေးသွားမှာလို့ သိရပါတယ်။ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဗီနိုင်းတစ်ခုမှာတော့ ကန့်သတ်ချက်တွေများစွာကို တွေ့ရပါတယ်။

ဒီကန့်သတ်ချက်တွေထဲမှာတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကန့်သတ်ထားတာကို ပိုတွေ့ရတဲ့အပြင် တားမြစ်ထားတဲ့ ပစ္စည်းတွေမပါဝင်ဖို့နဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကြည်ဖြူစွာလက်ခံကြဖို့လည်း ပါဝင် ပါတယ်။

သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီးတော့ အကျဉ်းထောင်းအချုပ်ထောင် စခန်းဝန်းအတွင်းမှာရှိတဲ့ နေရာတွေကို သွားလာခြင်းမရှိဖို့လည်း ထပ်ကန့်သတ်ထားပါသေးတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ အရင်ကလို ရာဇဝတ်မှု ကျူးလွန်သူတွေ တင်မဟုတ်ဘဲ စစ်အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သောင်းနဲ့ချီပြီးရှိနေပါတယ်။

တည်းဖြတ်/တင်ဆက်-လင်းသူရိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly