ရေလယ်ကျွန်းဒေသက ကာကွယ်ရေးတပ်စခန်း ၂ ခု စီးနင်းခံရ (ရုပ်/သံ)

By MTO (မဇ္ဈိမ)
14 October 2023
ရေလယ်ကျွန်းဒေသက ကာကွယ်ရေးတပ်စခန်း ၂ ခု စီးနင်းခံရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပါတယ်။

အဲဒီလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒေသတွင်း ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်း တိုက်ခိုက်မှုတွေကြောင့် ရေလယ်ကျွန်းဒေသအတွင်းက ကာကွယ်ရေးတပ်စခန်းနှစ်ခု သိမ်းဆည်းခံလိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

တင်ဆက်/တည်းဖြတ် = MTO

#ရေလယ်ကျွန်း
#ရေစကြို
#ကာကွယ်ရေးစခန်း
#စီးနင်းခံရ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly