လက်စတာဗိုလ်စွဲလျှင် ဘွတ်ကီဒိုင်များပေါင် ၁၀ သန်းကျော်လျော်ရမည်

လက်စတာဗိုလ်စွဲလျှင် ဘွတ်ကီဒိုင်များပေါင် ၁၀ သန်းကျော်လျော်ရမည်

ဧပြီ ၂၂၊ လန်ဒန် ။          ။ အင်္ဂလန်ထိပ်သီးဘွတ်ကီဒိုင်များသည် ပရီးမီးယားလိဂ်တွင် လက်စတာအသင်းဗိုလ်စွဲခဲ့ပါက ပေါင် ၁၀ သန်းကျော် ပေးလျော်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ပရီးမီးယားလိဂ်ရာသီအစပိုင်းတွင် ရေနီယာရီ၏လက်စတာအသင်း ရာသီကုန်တွင်ဗိုလ်စွဲနိုင်ချေရှိမှုကို ၅၀၀၀ လေး ၁ လေးဖြင့်ဖွင့်လှစ်ခဲ့ကြပြီး ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ရောက်နိုင်ချေရှိမှုကို ၁၀၀၀ လေး ၁ လေးဖွင့်လှစ်ခဲ့ကြသည်။

လက်စတာ (အမည်ပြောင် မြေခွေးများ) သည် လက်ရှိတွင် တစ်ရာသီလုံးရှုံးပွဲသုံးပွဲသာရှိကာ စပါးအသင်းကို ငါးမှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ကို ဦးဆောင်နေသည်။

လက်ကျန်လေးပွဲတွင် သုံးပွဲအနိုင်ရမည်ဆိုပါက လက်စတာတို့အနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

လက်တလောတွင် ဘွတ်ကီကုမ္ပဏီ ဘက်ဖရက်သည် ဧပြီ ၃ တွင် လက်စတာက ဆောက်သမ်တန်ကို ၁-၀ ဖြင့်အနိုင်ရပြီးကတည်းက ချန်ပီယံအဖြစ်သတ်မှတ်ကာ လောင်းကြေးများပေးလျော်ခဲ့သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည်။

"အရင်တစ်ခေါက်က မှားသွားတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ရေနီယာရီရဲ့လူတွေကို စပါးဖြစ်ဖြစ် အာဆင်နယ်ဖြစ်ဖြစ် လိုက်မီဖို့ မမြင်ဘူး"ဟု ဘက်ဖရက်ကုမ္ပဏီသူဋ္ဌေး ဖရက်ဒန်းက ပြောသည်။

လက်စတာဗိုလ်စွဲပါက ဘွတ်ကီများပေးလျော်ရမည့် ပမာဏမှာ ဘက်ဘရုတ်စ်က ပေါင် သုံးသန်း၊ ကော်ရယ် ပေါင် နှစ်သန်း၊ ဝီလျံဟေး ပေါင် နှစ်သန်း၊ ပက်ဒီပါဝါ ပေါင် နှစ်သန်းနှင့် ဘက်ဖရက် ပေါင် တစ်သန်းကျော်တို့ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly