နယူးယောက်တွင် “The Way” ရုပ်ရှင်ပြသမှု ရန်ပုံငွေ  ၄၂,၂၈၂ ဒေါ်လာ ရရှိ

By ကိုခင်မောင် (မဇ္ဈိမ)
10 October 2023
နယူးယောက်တွင် “The Way” ရုပ်ရှင်ပြသမှု ရန်ပုံငွေ  ၄၂,၂၈၂ ဒေါ်လာ ရရှိ
ပုံအညွှန်း ။    ။ နယူးယောက်မြို့တွင် The Way ရုပ်ရှင်ပြသမှု မြင်ကွင်း (ဓာတ်ပုံ။     ။ Helping Hands for Burma)

တေးသံရှင်လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ပြသခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ  ၄၂,၂၈၂ ဒေါ်လာရရှိခဲ့ကြောင်း Helping Hands for Burma- H2B မှ ယနေ့ အောက်တိုဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါရုပ်ရုင်ပြပွဲအတွင်း ရုပ်ရှင်လက်မှတ်ရောင်းရငွေ   ၉,၁၇၅ ဒေါ်လာ၊ မြန်မာအစားအစာများ ရောင်း ချရာမှ ၈၃၃ ဒေါ်လာ၊ အထွေထွေလှူဒါန်းမှု ၃,၈၀၄ ဒေါ်လာ၊ The Way ရုပ်ရှင် အမှတ်တရပစ္စည်း ရောင်း ရငွေ ၁၉,၆၂၀ ဒေါ်လာနှင့် အမှတ်တရပစ္စည်းများလေလံတင်ရောင်းချမှုမှ ၈,၈၅၀ ဒေါ်လာရရှိခဲ့ပြီး ရန်ပုံငွေ အားလုံပေါင်း ၄၂,၂၈၂ ဒေါ်လာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရုပ်ရှင်ပြပွဲဖြစ်မြောက်ရန် ထွေထွေအသုံးစရိတ်များနှုတ်ပြီးနောက် ၄၀,၁၁၁.၈၃ ဒေါ်လာကျန်ရှိပြီး ရန်ပုံငွေ အားလုံးကို ပြည်တွင်းမှလိုအပ်သောနေရာများသို့ “The Way”  ပိုင်ရှင်များမှတဆင့် လှူဒါန်းသွားမည်ဖြစ် ကြောင်း Helping Hands for Burma- H2B မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“The Way ရုပ်ရှင်ကို လာရောက်ကြည့်ရှုအားပေးခဲ့ကြသူ တဦးချင်းစီကို H2B မှ အထူးကျေးဇူးတင်ရှိပါ တယ်။ ယခုလိုပဲ နောင်လည်း အမိမြေအတွက် အားမလျော့၊ သွေးမအေးဘဲ အဆုံးအထိတိုင် ပါဝင်ကူညီ သွားကြဖို့ မျှော်လင့်ပါတယ်။ ရရှိလာတဲ့ရန်ပုံငွေအားလုံးကို မြန်မာပြည်ရဲ့လိုအပ်တဲ့နေရာတွေမှာ လှူဒါန်း သွားမှာပါ” ဟု ဆိုသည်။

The Way ရုပ်ရှင်ကို Helping Hands for Burma(H2B) အဖွဲ့မှဦးစီးပြီး နယူးယောက်မြို့ Manhattan ရပ် ကွက်၌ အောက်တိုဘာလ ၇ ရက်နေ့က မွန်းလွဲ ၁ နာရီနှင့် ၃ နာရီတို့တွင် နှစ်ကြိမ်ခွဲပြသခဲ့ခြင်းဖြစ်ပြီး လူ ပေါင်း ၄၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly