ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်တွေ ပညာသင်ကြားနေတဲ့ သွေးသစ်ကျောင်း(ရုပ်သံ)

By ဂန္ဒမာ (မဇ္ဈိမ)
09 October 2023
ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်တွေ ပညာသင်ကြားနေတဲ့ သွေးသစ်ကျောင်း(ရုပ်သံ)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နောင်ဘွားကျေးရွာမှာဖွင့်လှစ်ထားတဲ့ သွေးသစ်ကျောင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က GED ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်တဲ့အခမ်းအနားကျင်းပခဲ့ပြီး ဒီတခေါက်ကျင်းပတဲ့ အခမ်းအနားက ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

New Blood High School လို့ခေါ်တဲ့ သွေးသစ်ကျောင်းကို ၂၀၀၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ကာ မြန်မာသင်ရိုးညွှန်းတန်းနဲ့သင်တဲ့ အတန်းတင်ပညာရေးကို သင်ကြားပေးခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်မှာတော့ GED ပညာရေးအထိ သင်ကြားပေးနေတာဖြစ်ပါတယ်။

ထိုင်းနယ်စပ်ကို ပြောင်းရွှေ့လာသူတွေထဲက ပညာသင်ကြားရမယ့်အရွယ်တွေကို ပညာရေးရပ်တန့်မသွား စေဖို့ သွေးသစ်ကျောင်းက ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။

ရိုက်ကူး - ဂန္ဒမာ ၊ ရွှေနွယ် ၊ ဂျူချမ်း

တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - ဂန္ဒမာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly