ထုံးမကြီးကျေးရွာ ပြန်လည် ထူထောင်ရေးဆောင်ရွက်

ထုံးမကြီးကျေးရွာ ပြန်လည် ထူထောင်ရေးဆောင်ရွက်
ဓာတ်ပုံ - တင်ရွှေ

မင်းဘူး၊ ဧပြီ ၂၁ ။               ။ မင်းဘူး /စကုမြို့နယ် ထုံးမကြီးကျေးရွာသည် ဧရာဝတီမြစ် ကမ်းပါးပြို မှုများကြောင့် ရွာမြေမရှိနည်းပါသွား ခဲ့သည့် အတွက် ဧပြီ ၂၁ ရက်နေ့က ရွာသူရွားသားများ၏ ဆန္ဒပေါ်မူတည်၍ နေရာသစ်များစနစ်တကျပြန်လည် ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေး ခဲ့ကြောင်း ဒေသခံ ပြည်သူ များထံမှ သိရှိရသည်၊

မင်းဘူး/စကုမြို့နယ် လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြေစာရင်းနှင့် ကျေးလက်ဦးစီးဌာန အပါအဝင်၊ကျေးရွာအုပ်စုတာဝန်ရှိသူများနှင့်အတူ ထုံးမကြီးကျေးရွာ စာသင်ကျောင်းတွင် တွေ့ဆုံ ညှိနှိုင်းကူညီပေးခဲ့ကြကြောင်းသိရှိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က "ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေဟာ ရွာခံတွေရဲ့အသံကိုနားထောင်ပြီး ရွာမြေနေရာသစ်၊ ကွင်းအတွင်းလမ်း၊ ရွာလယ်ဓမ္မာရုံ၊ဘုန်းကြီးကျောင်း၊ရေတွင်းအပါအဝင်၊ရေရှည်မှာ ရွာဖွဲ့စည်းပုံအင်္ဂါရပ်များပါဝင်ထူထောင်သွားနိုင်စေဖို့ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်" ဟုပြောသည်။

ထုံးမကြီးကျေးရွာ တောင်သူ ဒေါ်မြဌေးက အခုအကွက်ရိုက် ပေးတာ "အိမ်ခြေ ၁၂၀လောက် ရှိပါတယ်၊ရွာဟောင်းမှာ အိမ်ခြေ ၆၀လောက် ကျန်သေးတယ် ၊သူတို့လည်း မြေကွက်အတွက် စရံပေးထား ကြပါတယ်၊ အခု လွှတ်တော်ကိုယ်စားလှယ်တွေရယ် မြို့နယ်တာဝန် ရှိသူတွေက ကျွန်မတို့ ပြည်သူတွေ ဖြစ်စေချင် တာကို အတတ်နိင်ဆုံး စနစ်တကျ ဆောင်ရွက်ပေးတယ်အတွက် ဝမ်းသာရပါတယ်" ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly