မဏိပူအရေး အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ စိုးရိမ် | VOA On Mizzima

မဏိပူအရေး အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ စိုးရိမ် | VOA On Mizzima

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု အပြင်းထန်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စဉ် စစ်ပွဲနဲ့ ပဋိပက္ခတွေ ဖြစ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကလည်း တသိန်းကျော် ရှိနေပါတယ်။

အဲဒီထဲမှာ အိမ်နီးချင်း အိန္ဒိယပြည်ဘက်ကို ခိုလှုံကြရသူတွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။

တခါ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယရဲ့ ပြည်နယ်တွေထဲက မဏိပူရပြည်နယ်မှာကလည်း လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေလို့ ချင်း စစ်ဘေးရှောင်တွေ အနေနဲ့ တပူပေါ် နှစ်ပူဆင့် ဖြစ်ပြီး မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ပြောပါတယ်။

စစ်အာဏာရှင် တော်လှန်ရေး နှစ်ရှည်လာတာနဲ့အတူ အိန္ဒိယဘက်က စစ်ရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြောင်း မခင်လေးက ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly