နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၄ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၄ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မွန်ပြည်နယ်၊ ရေးမြိုနယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရန် ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က စစ်ရေးအရှိန်မြှင့်တင် သွားမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ Dawna Columnက အတည် ပြု ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာန၏  မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေး နွေးသည့် အစည်းအဝေးအမှတ်စဥ် (၁၃/၂၀၂၃) ကို စက်တင်ဘာ ၃၀ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၁၉/၂၀၂၃)ကို အောက်တိုဘာ ၃ ရက် ၊ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၉/၂၀၂၃) ကို ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် စာသင်ကျောင်းဆောင် ထိခိုက် ပျက်စီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များက တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)တပ်ရင်း (၃)၊တပ်ခွဲ(၁)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။ 

  • မြို့​ပေါ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးသည့် ရွှေပြည်အေးမြို့၌ ယခုအခါ စစ်ရေးပြန်လည် တင်းမာ နေပြီး ဒေသခံပြည်သူများ စစ်ရေးသတိရှိရှိ‌နေကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး သည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို - မန္တလေးလမ်းမကြီးပေါ်ရှိ ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ စခန်းတွင်းပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ရဲ ၁ ဦး လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့မှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့တပ် ပင်မဂိတ်ပေါက်ကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း Bago Region PDF ထံမှ သိရသည်။ 

  • ရန်ကုန်မြို့ ၊သာကေတမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ်စခန်းဝင်းအနီး ယမန်နေ့ (အောက်တိုဘာ ၃) ညပိုင်းက ဗုံးပေါက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ 

  • မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရန် ကုလသမဂ္ဂ၏ ကြိုးပမ်းချက်များသည် အောင်မြင်မှု မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်အတွင်း KNDF ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စက်တင်ဘာလအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။ 

  • တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား ဇူလိုင်မှစ၍ တိုက်ပွဲများ တောက် လျှောက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလကုန်ပိုင်းမှစ၍ ယခု အချိန်ထိ တစ်ပတ်ခန့်ကြာ တိုက်ပွဲများ ပြန်လည်ငြိမ်နေကြောင်း TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ငတိုးခင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ စီးပွားရေးလုပ်ငန်းရှင် ဦးဥာဏ်လွင်အောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာကြောင်း ဒေသခံများကပြောသည်။ 

  • ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံနိုင်ငံများကြား ကျင်းပသည့် လူ့အခွင့်အရေးဆွေးနွေးပွဲတွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားသည့်အတွက် ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏စစ်ခုံရုံးက ​ဒေသခံပြည်သူ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။ 

  • အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့ တွင် ရွေးကောက်ပွဲ အနိုင်ရရှိရန် လိုကြောင်း ပါတီဝင်များကို တွေ့ဆုံပြောဆိုခြင်းများ ပြုလုပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။ 

  • အုန်းသီးကို အခြေခံကာ တန်ဖိုးမြှင့် စားသောက်ကုန် နှင့် လူသုံးကုန်များအဖြစ် ထုပ်လုပ်ကာ ပြည်တွင်းစားသုံးရန် အပြင်ပြည်ပကိုပါတင်ပို့ရန် အစီစဉ်များရှိနေကြောင်း စစ်ကောင်စီ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရသည်။ 

  • မြန်မာနိုင်ငံ၏ ပထမဦးစားပေး သွင်းကန်ပစ္စည်းများအဖြစ် ဆေးဝါးပစ္စည်း၊ စက်သုံးဆီနှင့် စားသုံးဆီတို့အပါအဝင် ကုန်စည်အချို့ကို သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

အောက်တိုဘာ ၄ ရက် သုံးသပ်ချက် 

  • နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ခံထားရသည့် စစ်ကောင်စီသည် မည်သည့်အရာမျှ နိုင်ငံတကာအဆင့်မီ တင်ပို့နိုင်ခြင်းမရှိဘဲ လူကြားကောင်းအောင် ပြောဆိုနေသည်ကို သာတွေ့ရသည်။ 

  • ကရင်နီနယ်တွင် မြို့များကိုပြန်သိမ်းနိုင်အောင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ သော်လည်း လမ်းမှာတင်ဖြတ်တိုက်ခိုက်ရမှုများကြောင့် တပ်ရင်းမှူးအဆင့်များပါ အသေများနေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly