ဘိုင်ယန်မြူးနစ်အသင်းမှာ မိမိ၏အိမ်ပင် ဖြစ်ကြောင်း စာချုပ်သက်တမ်းတိုးအပြီး နျူအာ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းမှာ မိမိ၏အိမ်ပင် ဖြစ်ကြောင်း စာချုပ်သက်တမ်းတိုးအပြီး နျူအာ ပြောကြား

မတ် ၂၁၊ မြူးနစ် ။             ။ ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက်တွင် ဂိုးသမား နျူအာက ဘိုင်ယန်မြူးနစ်တွင် ကစားရသည်မှာ မိမိ၏ အိမ်ကဲ့သို့ပင် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အသက် ၃၀ အရွယ်ရှိ ဂိုးသမား နျူအာကို ငါးနှစ်သက်တမ်းတိုး ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်သစ်အရ ဂျာမန်ဂိုးသမားမှာ ၂၀၂၁ ခုနှစ်အထိ အသင်းတွင် ရှိနေတော့မည် ဖြစ်သည်။ နျူအာသည် တစ်နှစ်လျှင် လစာငွေ ယူရို ၁၅ သန်း ရရှိမည်ဟု သတင်းများက ဖော်ပြခဲ့သည်။

နျူအာသည် ၂၀၁၁ ခုနှစ်က ရှော်လ်ကေးအသင်းမှ ဘိုင်ယန်သို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ငါးနှစ်အတွင်း ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်၊ ပိုကယ်ဖလား နှစ်ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သည်။

နျူအာကို စာချုပ်သစ်ချုပ်ဆိုနိုင်ပြီးနောက် ဘိုင်ယန်အသင်း၏ အမှုဆောင်အရာရှိချုပ် ရူမန်နစ်ဂီက 'နျူအာက ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမား တစ်ဦးပါ။ သူ့ရဲ့ စွမ်းဆောင်မှုအတွက် အလွန်ကျေနပ်မိ ပါတယ်။ ဘိုင်ယန်မှာ ဆက်နေဖို့ ဆုံးဖြတ်ပြီး စာချုပ်သစ်မှာ လက်မှတ်ထိုးခဲ့တဲ့အတွက် အလွန် ပျော်ရွှင်ရပါတယ်' ဟု ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly