အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

By ပါခွီး (မဇ္စျိမ)
03 October 2023
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်ရင်း စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)မှ တာဝန်ရှိသူက ပြောသည်။

နမခ အလုပ်ရုံစစ်ဆေးရေးဂိတ် အဝင်ပေါက်တွင် အင်အား ၁၃ ဦး၊ အနောက်ဂိတ်တွင်ခြောက်ဦးရှိပြီး ၎င်း တို့ကို အနီးကပ်တိုက်ခိုက်ရန် တပ်စိပ်လေးစိတ်၊ ပွိုင့်လေးပွိုင့်ဖြင့်ချဥ်းကပ်ခဲ့ရာ မီတာ ၆၀ အထိ ရောက်ရှိ ခဲ့သော်လည်း နယ်မြေအခြေအနေရ တိုက်ခိုက်ရန် အဆင်မပြေခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် လက်လုပ် လက်နက်ကြီး ၆၀ မမ လေးလက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကစက လေးယောက် အပြင်းအထန်ဒဏ်ရာရတယ်။ အဲဒီအထဲက နှစ်ယောက် သေသွားတယ်လို့ ခိုင်မာ တဲ့ သတင်းပေးကနေပြန်သိရတယ်” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ဆက် သွယ်ရေးတာဝန်ခံ ကိုအရှည်ကြီးက မဇ္စျိမကိုပြောသည်။

၆၀ မမ လေးလုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် တပ်ရင်းအဝင်ပေါက်၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ခြောက်ဦးရှိသည့် ကင်းတဲပေါ်သို့ကျရောက်ပေါက်ကွဲပြီး လေးဦးဒဏ်ရာရကာ နှစ်ဦးသေဆုံးသွားခြင်းဖြစ် ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွက် တပတ်ကျော်ကြာ မြေပြင်အနေအထားနှင့် စစ်ကောင်စီတပ်အခြေအနေကို သတင်းထောက်လှမ်းပြင်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄၀ မမ နှစ်လုံး၊ ၆၀ မမ လေးလုံးနှင့် ၁၀၅ မမ လေးလုံးဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ည ၇ နာရီဝန်းကျင်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံကပြောသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) တပ်ခွဲ(၁)၊ တပ်ခွဲ(၄)၊ တပ် ရင်း(၂) တပ်ခွဲ(၁)၊ ဘုတလင် Local အားမာန်သစ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly