သာယာဝတီခရိုင်မှာ စစ်ထောက်တိုင် ဖြုတ်ချရေး ကြိုးပမ်းမှု ခရီးတွင်တယ်လို့ ပကဖ ပြော (ရုပ်/သံ)

By ရွှေနွယ်( မဇ္ဈိမ )
03 October 2023
သာယာဝတီခရိုင်မှာ စစ်ထောက်တိုင် ဖြုတ်ချရေး ကြိုးပမ်းမှု ခရီးတွင်တယ်လို့ ပကဖ ပြော (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ်အတွင်း နှုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူးတွေ အများအပြား ရှိလာတာကြောင့် စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖြုတ်ချနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းမှု အောင်မြင်တယ်လို့ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။

သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့နယ်၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်မှုများပြားလာတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ သာယာဝတီခရိုင်မှာ အခုနှစ် ဩဂုတ်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ထက်မနည်း နှုတ်ထွက်ထားတယ်လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေ အများစုဟာ ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်ကြ တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ဒါဟာ သူတို့လုပ်ဆောင်နေတဲ့ စစ်ထောက်တိုင် ဖြိုခွဲရေး ကြိုးပမ်းမှု ခရီးတွင်တယ်ဆိုတာကို ပြသနေတာလို့ မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ် = မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly