သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ခဲ့သည့်  ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
02 October 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ခဲ့သည့်  ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ချီတက်ပွဲကို ယနေ့ အောက်တိုဘာလ ၂ ရက်က ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” ၊ “ငါတို့သံအမတ် ငါတို့အသံ” စာတန်း နှင့် ဦးကျော်မိုးထွန်း၏ ပုံတူစာရွက်များကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြောင်း သိရသည်။

သပိတ်စစ်ကြောင်းသည် ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ် ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၂၃ ရက်မြောက်ဖြစ် ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly