နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု NUG ယာယီသမ္မတ ပြောကြား

နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု NUG ယာယီသမ္မတ ပြောကြား

နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက Bloomberg သတင်းဌာနကို ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်းတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေပြီး လက်ရှိတွင်လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်နိုင်နေပြီဟု ယာယီသမ္မတက ‌ပြောသည်။

စစ်ကောင်စီမှာ နိုင်ငံ၏ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၁၀၀ ထက်မနည်းကို သိမ်းယူခဲ့ကာ စစ်တပ်ဘက်မှဘက်ပြောင်းလာသူ ၁၄၀၀၀ ခန့်ကို အကူအညီများ ပေးနိုင်ခဲ့သည်ဟု ယာယီသမ္မတက‌ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်‌မြောက်လာပါကလည်း တော်လှန်ရေးလမ်းကြောင်းမှာ ‌ပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက‌ပြောသည်။

ဇွန် ၂၇ ရက်ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင်လည်း တိုင်းရင်းသားနယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီဟု ယာယီသမ္မတက ‌ပြောထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly