ဂျန်နာရို ဂတ်တူဆိုကို နည်းပြချုပ်အဖြစ် မာဆေးလ်အသင်း ခန့်အပ်

By BBC
28 September 2023
ဂျန်နာရို ဂတ်တူဆိုကို နည်းပြချုပ်အဖြစ် မာဆေးလ်အသင်း ခန့်အပ်

မာဆေးလ်အသင်းဟာ မာဆယ်လီနို နုတ်ထွက်ပြီးနောက် ဂျန်နာရို ဂတ်တူဆိုကို ၎င်းတို့ရဲ့ နည်းပြချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဂတ်တူဆိုဟာ နောက်ထပ်တရာသီအတွက် စာချုပ်သက်တမ်းတိုးခွင့်အပါအဝင် ၂၀၂၄ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

“ကျနော့်ရဲ့ အသင်းသစ်နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့နဲ့ ကျနော်တို့ကို စောင့်နေတဲ့ လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် စောင့်မျှော်နေ ပါတယ်”လို့ သူက ကလပ်ရဲ့ ဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

ပြင်သစ်ကလပ်အသင်းရဲ့ ပရိသတ်တွေနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ထွက်ခွာသွားတဲ့ စပိန်လူမျိုးမာဆယ်လီနိုရဲ့ နေရာကို အီတလီသားနည်းပြက အစားထိုးဝင်ရောက်ခဲ့တာပါ။

မာဆေးလ်ဟာ လီဂူးဝမ်းမှာ အဆင့် (၈) မှာ ရှိပြီး ယူရိုပါလိဂ်မှာ ဘရိုက်တန်အသင်းကို အောက်တိုဘာ ၅ ရက်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဂတ်တူဆိုက "ပြင်းထန်တဲ့ စိတ်အားထက်သန်မှုတို့ကြောင့် ပြည်တွင်းမှာပဲမဟုတ်ဘဲ ဥရောပတစ်ခွင်မှာပါ အောင်ပွဲခံခဲ့တဲ့ ကလပ်အသင် းတသင်းနဲ့ အားကစားကွင်းတခုပါ။"

သူ့ရဲ့ မကြာသေးခင်က မန်နေဂျာကိုင်တွယ်မှုက ဗလင်စီယာအသင်းမှာ ဖြစ်ခဲ့ပေမယ့် ခုနစ် လကြာ တာဝန်ယူပြီးနောက် သူဟာ ၂၀၂၃ ဇန်နဝါရီလမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရိန်းဂျားအသင်းနဲ့ အီတလီကွင်းလယ်ကစားသမားဟောင်းဟာ နည်းပြလောကမှာ ဆယ်စုနှစ်တခုကျော်သာ ကျင်လည်နေခဲ့ပြီး အရင်က ပီဆာ၊ အေစီမီလန်နဲ့ နာပိုလီတို့ကို တာဝန်ယူခဲ့ဖူးပါတယ်။

ဂတ်တူဆိုဟာ ၁၉၉၉ ကနေ ၂၀၁၂ အတွင်း အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၄၆၈ ပွဲ ကစားခဲ့ပြီး အာဇူရီတို့အတွက် ၇၃ ပွဲ ကစားပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly