မန်စီးတီးတိုက်စစ်မှူး အဂူရို ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်မြောက်

မန်စီးတီးတိုက်စစ်မှူး အဂူရို ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်မြောက်

ဧပြီ ၂၀၊ မန်ချက်စတာ ။                ။ မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့် နယူးကာဆယ်နှင့် မန်စီးတီးအသင်းတို့၏ ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်မြောက်သွားပြီ ဖြစ်သည်။

အဂူရိုသည် ပွဲချိန် ၁၄ မိနစ်တွင် ကိုလာရော့ဗ် တင်ပေးသည့် ပြစ်ဒဏ်ဘောကို ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အဂူရိုသည် ၂၀၁၁ ခုနှစ် သြဂုတ်လက စပြီး မန်စီးတီးအတွက် စတင်ကစားပေးခဲ့ကာ ပွဲစဉ်ပေါင်း ၁၄၇ ပွဲ ကစားအပြီး ဂိုး ၁၀၀ ပြည့်သွားခြင်းဖြစ်သည်။

ထို့ကြောင့် အသက် ၂၇ နှစ်အရွယ်ရှိ အဂူရိုသည် ဘလက်ဘန်းနှင့် နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယား ပြီးနောက် ဂိုး ၁၀၀ ပြည့်မြောက်သည့် အမြန်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ အာဂျင်တီးနားတိုက်စစ်မှူးသည် ခေါင်းဖြင့် ၇ ဂိုး၊ ညာခြေဖြင့် ၇၄ ဂိုး၊ ဘယ်ခြေဖြင့် ၁၉ ဂိုး သွင်းယူခဲ့ပြီး သွင်းဂိုး ၁၀၀ တွင် ပင်နယ်တီ ၁၃ ဂိုး ပါဝင်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်ခဲ့သည့် ကစားသမား ၁၁ ဦးမှာ အလန်ရှီးယား၊ အဂူရို၊ အွန်နရီ၊ အီယန်ရွိုက်၊ ရော်ဘီဖောင်လာ၊ လက်စ်ဖာဒီနန်၊ မိုက်ကယ်အိုဝင်၊ အင်ဒီကိုးလ်၊ ဗန်ပါစီ၊ ဂျေမီဖလွိုက်ဟက်စ်ဆယ်ဘိန့်နှင့် ဒီဒီယာဒရော့်ဂ်ဘာတို့ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly