ရီးယဲလ်မက်ဒရစ်အသင်း လာမည့်ရာသီမှာ ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ရွေးချယ်

By မဇ္ဈိမ 
27 September 2023
ရီးယဲလ်မက်ဒရစ်အသင်း လာမည့်ရာသီမှာ ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ရွေးချယ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဇာဘီ အလွန်ဆိုကို ၂၀၂၄-၂၅ ရာသီမှာ သူတို့ရဲ့ နည်းပြအဖြစ် ရွေးချယ်ခဲ့ပြီဖြစ်ကြောင်း Radio MARCA မှ ဖော်ပြချက်ကို တခြားစပိန်သတင်းဌာနတွေကလည်း အတည်ပြုပြောခဲ့ပါတယ်။ လက်ရှိနည်းပြ အန်ဆယ်လော့တီဟာ လာမယ့် နွေရာသီမှာ အသင်းမှ ထွက်ခွာဖို့ မျှော်လင့်ရပြီး အလွန်ဆိုဟာ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူဖြစ်မယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်းဟာ လေဗာကူဆင်အသင်းနဲ့အတူ ထိပ်တန်းဘောလုံးလောကမှာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေခဲ့ပြီး သူဟာ ကောင်းမွန်တဲ့ နည်းပြတဦး ဖြစ်ပုံပေါ် ပါတယ်။ ပြောဆိုစရာတောင်မလိုပါဘူး၊ ဒီအချိန်မှာ သူဟာ ဘာအောင်မြင်မှုမှမရှိသေးဘဲ ဒါဟာ လေဗာကူဆင်နဲ့အတူ ဘယ်ဆုဖလားတွေမဆို ရယူနိုင်ဖို့ဆိုတာ သူ့အတွက် မလွယ်ကူပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ ရီးယဲလ်မက်ဒရစ်ကို နည်းပြဖို့ အလွန်ကောင်းတဲ့ နည်းပြလောင်းအဖြစ် သတ်မှတ်ခံရဖို့ လုံလောက်တဲ့ အလားအလာတွေ ပြသနေပါတယ်။

ဒါပေမယ့် အရာရာဟာ အလွန်ပြောင်းလဲသွားနိုင်ပါတယ်။ အန်ဆယ်လော့တီဟာ ရီးယဲလ်မက်ဒရစ်နဲ့အတူ လက်ရှိရာသီကို အဆုံးထိ မရှိခဲ့ဘူးဆိုပါက ကက်စတီလာနည်းပြနဲ့ ကလပ်ဂန္ထဝင်ကစားသမား ရာအူးလ် ဂွန်ဇာလက်ဇ်ကို အစားထိုးလားမှာလား။ ကလပ်အသင်းဟာ ဒီအခြေအနေမျိုးမှာ အလွန်ဆိုကို ခေါ်ယူသေးအုံးမှာလား ဒါမှမဟုတ် သူတို့ဟာ လာမယ့်ရာသီမှာ ရာအူးလ်ကို ဆက်လက်တာဝန်ယူမှာလားဆိုတာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly