သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
24 September 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည်  "Our Ambassador – Our Voice"  စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြသည်ဟု ဆိုသည်။

“အခုလို ဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိမယ်လို့ ကြားသိရတဲ့အတွက် သူ့ကို ဝန်းရံထောက်ခံနေတဲ့ ကျနော်တို့ အလွန်ဝမ်းသာပါတယ်” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီအဖွဲ့ဝင် ဗိုလ်စနေက မဇ္စျိမကိုပြောသည်။

ယခုကဲ့သို့ ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ်ထားရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ နိုင်ငံအတွက် ဦးကျော်မိုးထွန်းတင်ပြတောင်းဆိုသည့်အသံကိုနားထောင်ပြီး စစ်ကောင်စီကို အပြစ်ဒဏ် ပေးအရေးယူခြင်းများ ပြုလုပ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုလိုသည်ဟုလည်း  ၎င်းကပြောသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်  ၉၁၆ ရက် မြောက်နေ့အဖြစ် ဆက်လက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required