လောင်းလုံးတွင် ရွှေဝါရောင် တော်လှန်ရေး  (၁၆ )  နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
24 September 2023
လောင်းလုံးတွင် ရွှေဝါရောင် တော်လှန်ရေး  (၁၆ )  နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ကျေးရွာ တရွာရှိ  စျေးတစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရွှေဝါရောင် တော်လှန်ရေး (၁၆) နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က  ဦးဆောင်၍ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး ကော်မတီ (ASECC) အဖွဲ့ဝင် အင်အားစုက ထုတ်ဝေသော ရွှေဝါရောင်တော်လှန်ရေး ( ၁၆ ) နှစ်ပြည့် အထိမ်းအမှတ် လက်ကမ်းစာ‌စောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံမြို့နယ်
#ရွှေဝါရောင် တော်လှန်ရေး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly