ကြော်ငြာမူဝါဒချိုးဖောက်သဖြင့် ပြန်လည်ပြုပြင်ရန် ပေးထားသည့်လင့်တွင် လော့အင်ဝင်ရန် ဖေ့စ်ဘုတ်စာမျက်နှာများကို ရည်ညွှန်း(Mention)ထားသည့် ပို့စ် တခုပျံ့နှံ့နေသည်။
ယင်းလင့်သည် ဖေ့စ် ဘုတ် အကောင့်နှင့်ပေ့ချ်များအတွက် အန္တရာယ်ရှိသည့် လင့်ဖြစ်သည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက်မှ စတင်အသုံးပြုသည့် “Pps Noticoloboration Myppsnoti 31915” ဖေ့စ်ဘုတ်စာမျက်နှာသည် အခြားဖေ့စ်ဘုတ်စာမျက်နှာများအားတွဲ၍ တက်(tag) သို့မဟုတ် မန်းရှင်းခေါ် ကာ “လေးစားအပ်ပါသော Admin သင်၏ FB စာမျက်နှာသည် ကျွန်ုပ်တို့၏ ကြော်ငြာမူဝါဒအချို့ကို ချိုး ဖောက်နေနိုင်သည်ကို ကျွန်ုပ်တို့သတိပြုမိပါသည်။
တားမြစ်ထားသော စကားလုံးများ၊ မသင့်လျော်သော ပုံများ သို့မဟုတ် လှည့်ဖြားမှု၊ စော်ကားသော သို့မဟုတ် ခွဲခြားဆက်ဆံသည့် အကြောင်းအရာများကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်သည်။
FB အသိုင်းအဝိုင်းကို ကာကွယ်ရန်၊ ကျွန်ုပ်တို့သည် သင့်အားဝင်ရောက်ကြည့်ရှုပြီး ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် သင့်အား အတည်ပြုရန် တောင်းဆိုပါသည်” ဟု ဆိုကာ လင့်တစ်ခုကို ထည့်သွင်းထား သည်။ လင့်သို့ ဝင်ရောက်ပြီး ၂၄ နာရီအတွင်း အတည်ပြုခြင်းမပြုလုပ်ပါက မိမိအသုံးပြုနေသည့် ဖေ့စ်ဘုတ် ပေ့ချ်သည် ဆက်လက်မလည်ပတ်နိုင်တော့ဘဲ အပိတ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ပို့စ်မျိုးကို မွန်းလွဲ ၁ နာရီအထိ ၂၆ ခု တင်ထားပြီး ပို့စ်တခုစီ၌ ဖေ့စ်ဘုတ်ပေ့ချ် ၄၀ ခုကို Log-in ဝင်ရန် ရည်ညွှန်းထားသည်ကို တွေ့ရသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါပို့စ်နှင့်ပတ်သက်၍ အချက်အလက်စိစစ်ခဲ့ရာ တွင် ထိုလင့်သည် အန္တရာယ်ရှိကြောင်း တွေ့ရသည်။
ဖော်ပြထားသည့် လင့်အားဝင်ရောက်လျှင် Facebook နှင့် ၎င်း၏ မိခင် ကုမ္ပဏီ Meta အမည်ဖြင့် ဒီဇိုင်း ထည့်သွင်းရေးဆွဲထားသည့် စာမျက်နှာတခုကို တွေ့ရမည်ဖြစ်သည်။
သို့သော်လည်း ၎င်း၏လင့်ကို ကြည့် ရှုလျှင် ဖေ့ဘုတ်၏မူရင်းကုမ္ပဏီလင့်ဖြစ်သည့် www.facebook.com မဟုတ်ဘဲ ပုံမှန်မဟုတ်သည့် လင့် ဖြစ်နေသည်။
ထိုလင့်တွင် “ဆက်လက်” ဆိုသည့် အပြာရောင်ခလုတ်တခုရှိပြီး ဝင်ရောက်လျှင် Facebook တံဆိပ်ပါ သည့် ဒီဇိုင်းဖြင့်ပင် မိမိအကောင့်၏ အီးမေးလ်(သို့) ဖုန်းနံပါတ် နှင့် စကားဝှက်ထည့်သွင်းရသည့် နေရာရှိ ပြီး လော့ဂ်အင်ဝင်သည့်နေရာတခု ရှိသည်။
ထိုလင့်ထဲသို့ မိမိ၏အချက်အလက်များထည့်သွင်းဝင်ရောက်ပါက အကောင့်ဟက်ခံရမည်ဖြစ်ပြီး ထိုလင့် ကို ဖန်တီးသူထံ မိမိ၏အကောင့် ရောက်ရှိသွားမည်ဖြစ်သည်။
မဇ္ဈိမကထိုသို့ ရည်ညွှန်းခြင်းခံရသည့် ဖေ့စ်ဘုတ်စာမျက်နှာ Admin တဦးအားမေးမြန်းခဲ့ရာ ဖေ့စ်ဘုတ်၌ အချက်ပြမှုဝင်လာသဖြင့် ကြည့်ရှုခဲ့ရာ မသင်္ကာသဖြင့် ဆက်မလုပ်ခဲ့ကြောင်း ပြောသည်။
“ကျနော့်ဖေ့စ်ဘုတ်ပေ့ချ်ရဲ့ နိုတီမှာပေါ်လာတော့ ကျနော်ဝင်ကြည့်တယ်။ ဝင်ကြည့်တော့သင့်ရဲ့ လုံခြုံရေး ဘာညာဆိုလို့ ဝင်ဖတ်တယ်။ သူပေးတဲ့ လင့်ကို ဝင်တယ်။ သူလုပ်ခိုင်းတာတွေ အဆင့်အများကြီးမို့ မယုံ ရတာနဲ့ ပြန်ထွက်လာလိုက်တယ်” ဟု ဆိုသည်။
ထို့ကြောင့် ဖေ့စ်ဘုတ်က ကြော်ငြာမူဝါဒနှင့်ငြိစွန်းသဖြင့် ပြန်လည်ပြင်ဆင်ခိုင်းရန် အချက်ပေးလာပါက စိစစ်ပြီးမှ လုပ်ဆောင်ကြရန်နှင့် လင့်များတွင် မိမိ၏ အချက်အလက်များအား ဖြည့်စွက်ခြင်း မလုပ်ဆောင် ကြရန် အသိပေးအပ်ပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Fake_Link
#Page_Metion
#Page_Hack