မွန်ပြည်နယ် ရေးမြို့နယ် ကျေးရွာများတွင် ဆေးဝါးများအရေးပေါ်လိုအပ်

By သွင်ထူးဈာန် ကော်သူးလေ(မဇ္ဈိမ)
22 September 2023
မွန်ပြည်နယ် ရေးမြို့နယ် ကျေးရွာများတွင် ဆေးဝါးများအရေးပေါ်လိုအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများတွင် ကျန်းမာရေးအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။ ယင်းဒေသသည် မြစ်​၊ ချောင်းများနှင့် တောတောင်များထူထပ်နေပြီး ငှက်ဖျားနှင့် ရာသီတုပ်ကွေးများ အဖြစ်များသည့်နေရာဖြစ်ကြောင်းသိရသည်။

" တချို့ပြည်သူတွေက ဆေးရုံဆေးခန်းသွားလို့မရတဲ့ အခြေနေဆိုတော့ သူတို့မှာ ဆေးကုသဖို့ အခက်ခဲရှိတယ် ၊ အခု ရှစ်လပိုင်းနဲ့ ကိုးလပိုင်းအထိကို ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ကျေးရွာ ခြောက်ရွာ လူဦးရေ ၁၂၀ကျော်တယ်ပေါ့၊ ကျနော်တို့က ကျနော်တို့တပ်အတွက်ပဲ ဆေးဝါးစုဆောင်းတာဆိုတော့ အခုက အရပ်သားတွေက ဆေးလာကုသတာဆိုတော့ ဆေးဝါးခက်ခဲတာ ရှိတယ်ပေါ့"ဟု ဒေါနစစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆေးဝါးလိုအပ်ချက်တွင် ကလေးလူနာအတွက် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ ဒေါနစစ်ကြောင်းဆေးတပ်ဖွဲ့မှ  ယင်းဒေသတွင် အခြေခံကျန်းမာရေး လိုအပ်ချက် အသိပညာပေးမှုများပြုလုပ်လျက်ရှိသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly