ဘာစီလိုနာနှင့် အာဂျင်တီးနားအတွက် ဂိုး (၅၀၀) မှတ်တိုင်ကို မက်ဆီ ဘယ်လို ရောက်ရှိလာခဲ့သလဲ

ဘာစီလိုနာနှင့် အာဂျင်တီးနားအတွက် ဂိုး (၅၀၀) မှတ်တိုင်ကို မက်ဆီ ဘယ်လို ရောက်ရှိလာခဲ့သလဲ
(ဓာတ်ပုံ - အီးပီအေ)

လာလီဂါမှာ ဗလင်စီယာကို ဘာစီလိုနာတို့  (၂-၁) ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်တဲ့ပွဲမှာ လီယွန်နယ် မက်ဆီက တစ်ဂိုး သွင်းခဲ့ချိန်မှာတော့ ကစားသမားဘဝ ဂိုး (၅၀၀) ပြည့် ရယူနိုင်ခဲ့ပါတယ်။

(၂၀၀၅) ခုနှစ်က Albacete အသင်းနဲ့ပွဲတွင် (၁၇) နှစ်အရွယ်မှာ စီနီယား ကစားသမားတစ်ယောက်အဖြစ် ပွဲဦးထွက် ကစားခဲ့ပြီးနောက် ကစားသမားဘဝ (၁၁) နှစ် မပြည့်မီမှာပဲ ဒီလိုထူးခြားတဲ့ မှတ်တိုင်ကို စိုက်ထူနိုင်ခြင်းဖြစ်ပါတယ်။

"ဒီလိုမျိုး ကိန်းဂဏန်းတွေဟာ တခြားကမ္ဘာက ဖြစ်ပါတယ်"လို့ ဘာစီလိုနာ နည်းပြ လူးဝစ်အင်းနရစ်က မက်ဆီရဲ့ အောင်မြင်မှုအကြောင်း မေးမြန်းတာကို ဖြေဆိုသွားတာဖြစ်ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ဂိုး (၅၀၀) ပြည့် မှတ်တိုင် ဘယ်လိုထူခဲ့တယ်ဆိုတာကို ဘီဘီစီသတင်းဌာနက အချက်အလက်တွေနဲ့ ဖော်ပြထားပါတယ်။

မက်ဆီရဲ့ သွင်းဂိုး (၅၀၀) ထဲက ဂိုး (၅၀) ဟာ (၁၅) မိနစ်မှာ ရရှိတာပြီး ပထမပိုင်း သွင်းယူနှုန်း နှေးနေပေမယ့် (၇၅) မိနစ်နောက်ပိုင်းမှာ ဘယ်လောက်ထိ များပြားတယ်ဆိုတာ တွေ့နိုင်ပါတယ်။

မက်ဆီရဲ့ ဂိုးတွေကို ရပ်တန့်စေလိုပါသလား။ ဒါဆိုရင်တော့ သူ့ရဲ့ ဘယ်ခြေနဲ့ ကန်သွင်းတာကို ခွင့်မပြုဖို့ပါပဲ။ ညာခြေဖြင့် ဂိုးသွင်းတာ သို့မဟုတ် ခေါင်းတိုက် သွင်းရာမှာလဲ အဆိုးကြီး မဟုတ်တာကို တွေ့ရပါတယ်။

(၂၀၁၁-၁၂) ရာသီမှာ (၈၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ သွင်းဂိုး (၄၂) ဂိုးက ဒါကို လိုက်မီဖို့ အခြေအနေရှိနေဆဲဖြစ်ပါတယ်။

အက်သလက်တီကိုနှင့် ဆီဗီလာတို့ မက်ဆီကို ကြောက်ရတဲ့ အကြောင်းကတော့ ဒီနှစ်သင်းနဲ့ ရင်ဆိုင်တိုင်း မက်ဆီက (၂၅) ဂိုးဆီ သွင်းခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်ကိုတော့ (၂၁) ဂိုး သွင်းထားပါတယ်။

မက်ဆီရဲ့ သွင်းဂိုး (၅၀၀) ထဲက ဂိုးအများစုဟာ လာလီဂါပြိုင်ပွဲကနေ ဖြစ်တယ်ဆိုတာ အံသြဖို့ မရှိပါ။ ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် အာဂျင်တီးနားနဲ့ ခြေစစ်ပွဲအောင်ထားတာကြောင့် နောက်ထပ် ဂိုးအရေအတွက် တိုးတက်လာဖို့ စိတ်အားထက်သန်နေအုံးမှာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်လ်နယ်ဒိုတို့ နှစ်ဦးပေါင်း သွင်းဂိုး (၁၀၃၉) ဂိုးဖြစ်ပါတယ်။

မက်ဆီနဲ့ နှစ်ပေါင်းများစွာ အတူတွဲကစားခဲတဲ့ ဘာစီလိုနာ ညာနောက်ခံလူ အဲလ်ဗက်ဟာ မက်ဆီအတွက် ဂိုးဖန်တီးမှု ပြုလုပ်ရာမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။

၂၀၁၂ ခုနှစ်က ဘိုင်ယန်လေဗာကူဆင်ကို (၇-၁) နဲ့ ဘာစီလိုနာက ဂိုးပြတ်တဲ့နိုင်ပွဲမှာ မက်ဆီက (၅) ဂိုးသွင်းပြီး ချန်ပီယံလိဂ်ပွဲ တစ်ပွဲအတွင်း ပထမဆုံး တစ်ဦးတည်း (၅) ဂိုးသွင်းတဲ့ သူဖြစ်လာပါတယ်။

နိုင်ငံတကာအဆင့်မှာ ဂိုးသွင်းအားမကောင်းတာကို ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် မက်ဆီရဲ့ ဂိုးသွင်းနှုန်းတွေက ပြသနေပါတယ်။

ရင်းမြစ် - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly