စကစတပ်နဲ့ ၁ ရက်တည်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ TNLA ပြော

By ဂျူချန်း(မဇ္ဈိမ)
20 September 2023
စကစတပ်နဲ့ ၁ ရက်တည်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ TNLA ပြော

မူဆယ်၊ ကွတ်ခိုင်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား စက်တင်ဘာလ ၁၉ ရက်နေ့ တရက်တည်းမှာပဲ တိုက်ပွဲ ခုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေနတ်ငါးလက်၊ ပစ်စတို နှစ်လက်၊ လက်ထောက်တလက်၊ စက်လက်တလက်၊ ဗုံးသီး၊ ကျည်ဆံတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့ ပတ်ပတ်လည်မှာ စက်တင်ဘာလ ၁၆ ရက်ကနေ ဒီနေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်နက်ကြီးသံတွေကို နေ့တိုင်းကြားနေရတယ်လို့ မူဆယ်မြို့ခံတဦးက မဇ္ဈိမကို ပြောပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်- ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly