တနင်္သာရီခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်သား လက်နက်နှင့်အတူ CDM ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 September 2023
တနင်္သာရီခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်သား လက်နက်နှင့်အတူ CDM ပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး လက်နက်နှင့်အတူ CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရသည်။

CDM ပြုလုပ်လာသော စစ်ကောင်စီတပ်သား အောင်ဇော်မင်း(ကိုယ်ပိုင်အမှတ် တ/၁၃၁---)သည် MA3 တလက်၊ ကျည်တောင့် ၃၀ ပါ ကျည်ဘောက်သုံးခု ၊ ၅.၅၆ ကျည် ၁၀၀ တောင့်ဖြင့် ခမရ(၅၆၁) မှ စက် တင်ဘာလ ၁၃ ရက်နေ့ကထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဆင့်ဆင့်ထံ ဆက်သွယ်ပြီး  လာရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။

“လွတ်မြောက်နယ်မြေထဲမှာ သူ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့တော့ ပြော တယ်။ စစ်ကောင်စီတပ်က တပ်ရဲ့ ကျင့်ဝတ် ၆၀ နဲ့ မညီတော့သလို တပ်ထဲမှာလည်း အထက်အောက် ခွဲ ခြားမှုများတာကြောင့် နောက်ပြီး အများပြည်သူပစ္စည်းတွေကို ခိုးယူခိုင်းတာကြောင့်  အဲဒါတွေမကြိုက်လို့ ထွက်လာခဲ့တယ်ပြောတယ်”ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စတား ကပြောသည်။

လက်ရှိတွင် လာရောက်အပ်နှံထားသည့် လက်နက်ခဲယမ်းများကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တာဝန်ခံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်တပ်မှအာဏာသိမ်းပြီးနောက် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ် သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး၊ စုစုပေါင်း ၈၄ ဦး ရှိပြီးဖြစ်ကြောင်း  တနင်္သာရီတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ

#တနင်္သာရီမြို့နယ်
#CDMစစ်သား
#ခမရ(၅၆၁)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly