ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်မှအနားပေး၊ နေအိမ်အကျယ်ချုပ်ချခံရ

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်မှအနားပေး၊ နေအိမ်အကျယ်ချုပ်ချခံရ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားလိုက်သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။

စစ်ကောင်စီ၏ ကုန်စျေးနှုန်းထိန်းချုပ်ရေး ဝါးလုံးရှည်ဝှေ့ရမ်းမှုတွင် ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့ရေးကော်မတီဦးဆောင်သူ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုများလည်းရှိခဲ့သည်။

ဧရာ၀တီသတင်းဌာန၏သတင်းပေးပို့ချက်တွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ပတ်သက်သော စစ်ဆေးမှုတွင် စီးပွားရေးသမားများထံမှ လာဘ်ငွေအမေရိကန်ဒေါ်လာသန်းပေါင်းများစွာယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟုပါရှိသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly