လေယာဉ်ဆီအပိတ်ခံရတဲ့အပြင် JF-17 တွေပါ ဂျင်းမိသွားတဲ့ စစ်ကောင်စီ (ဆောင်းပါး) 

လေယာဉ်ဆီအပိတ်ခံရတဲ့အပြင် JF-17 တွေပါ ဂျင်းမိသွားတဲ့ စစ်ကောင်စီ (ဆောင်းပါး) 

ဒီလပိုင်းအတွင်း အမေရိကန်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ စစ်ကောင်စီ အလူးအလဲခံနေခဲ့ရတာ တွေ့ရပါတယ်။

နိုင်ငံခြားငွေ အဓိကစီးဆင်းတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ စီးပွားရေးပိတ်ဆို့ခံရတာကြောင့် ငွေကြေးကမောက်ကမတွေကြုံနေရချိန်မှာပဲ လေယာဉ်ဆီတင်သွင်းမှုတွေကိုပါ အမေရိကန်က ထပ်မံပိတ်ဆို့လိုက်တဲ့အတွက် အတော်လေးအထိနာသွားခဲ့ပါ တယ်။

ဒီကြားထဲ ပါကစ္စတန်ကနေဝယ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေ ဂျင်းမိသွားတဲ့ကိစ္စပါထပ်တိုးလာလို့ အာဏာသိမ်း စစ်ခေါင်းဆောင် အတော်လေးဒေါပွနေတယ်လို့ တပ်တွင်းသတင်းတွေလည်းထွက်ပေါ်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly