ဖိလစ်ပိုင်တွင် မွတ်စလင်အစွန်းရောက်အဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်သား ၁၈ ဦး ကျဆုံး

ဖိလစ်ပိုင်တွင် မွတ်စလင်အစွန်းရောက်အဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်သား ၁၈ ဦး ကျဆုံး

မတည်ငြိမ်သည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေလသတွင် စစ်တပ်နှင့် မွတ်စလင်အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆေယတ်ဖ်ပြောက်ကျားအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်၍ စစ်တပ်ဖက်က တပ်သား ၁၈ ဦးနှင့် အစွန်းရောက်မွတ်စလင်အဖွဲ့မှ မော်ရိုကိုနိုင်ငံသားတစ်ဦး အပါအဝင် မွတ်စလင် အစွန်းရောက်အဖွဲ့ဝင် ငါးဦး သေဆုံးကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ဘာဆီလန်အရပ်တွင် ဧပြီ ၉ ရက်ဖြစ်ပွားသည့် အဘူဆေယတ်ဖ်တပ်အင်အား ၁၀၀ ကျော်နှင့် တိုက်ပွဲအတွင်း နိုင်ငံစစ်တပ်မှ စစ်သား လေးဦး ခေါင်းဖြတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဗိုလ်မှူး ဖိုင်မွန်တန်က ပြောသည်။

နိုင်ငံခြားသားများအား ပြန်ပေးဆွဲခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်နောက် "အဘူဆေယတ်ဖ်အဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေး ဆင်နွှဲတာပါ။"ဟု ၎င်းက သတင်းထောက်များအား ပြောသည်။

အငြိမ်းစား အီတလီဘုန်းတော်ကြီးတစ်ပါးအား အဘူဆေယတ်ဖ်အဖွဲ့က ဓားစာခံဖမ်းဆီးပြီးနောက် အချိန်တိုအတွင်း ယခုကဲ့သို့ စစ်ဆင်ရေးဆင်နွှဲကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

အဘူဆေယတ်ဖ်အဖွဲ့သည် နိုင်ငံခြားသားများကို ပြန်ပေးဆွဲကာ ငွေအမြောက်အမြားဖြင့် ပြန်ပေးငွေ တောင်းသည့် စစ်သွေးကြွအဖွဲ့ငယ်တစ်ဖွဲ့ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံခြားသားများ ဓားစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးခံထားရသူ ၁၈ ဦးရှိနေပြီး အများစုမှာ အဘူဆေယတ်ဖ်အဖွဲ့က ကျုးလွန်ခြင်းဖြစ်သည်။

ယင်းအဖွဲ့ကို ၁၉၉၀ အစောပိုင်းနှစ်များက အိုစမာဘင်လာဒင်၏ အယ်ခိုင်ဒါအဖွဲ့မှ ငွေမတည်ပေးမှုဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဖွဲ့က ပြီးခဲ့သည့်နှစ်များအတွင်း အိုင်အက်စ်တို့ကို သစ္စာစောင့်သိကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly