KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရ

By YT  ( မဇ္ဈိမ)
07 September 2023
KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရ
စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ အကူအညီပေးနေပုံအချို့(ဓါတ်ပုံ- KPSN)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိနေပြီး လုံလောက်သည့် အကူအညီမရ ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

KNU တပ်မဟာ(၃)ထိမ်းချုပ်နယ်မြေအတွင်းရှိ ကျောက်ကြီး၊ မုန်းနှင့် ရွှေကျင်မြို့နယ် နေရာအနှံ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

တပ်မဟာ (၃) စစ်ဘေးရှောင်အချို့(ဓါတ်ပုံ- KPSN)

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လူထုအားပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် ဒေသခံ ၂၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ် သည်။

“KPSN ရဲ့ စာရင်းပြုစုချက်အရ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)မှာ စစ်ဘေးရှောင်အရေအတွက် ၂၀၀,၀၀၀ ကျော်ရှိပါတယ်။ စစ်ဘေးရှောင်ရတဲ့အကြောင်းအရင်းတွေကတော့ တိုက်ပွဲတွေကြောင့် အထူး သဖြင့် လေယာဉ်နဲ့ လက်နက်ကြီးကြောင့်ပေါ့” ဟု စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

တပ်မဟာ (၃) စစ်ဘေးရှောင်အချို့(ဓါတ်ပုံ- KPSN)

စစ်ဘေးရှောင်အရေအတွက် လျော့နည်းသွားခြင်းမရှိဘဲ တိုက်ပွဲများထပ်မံဖြစ်ပွားနေ၍ တိမ်းရှောင်သူ တိုး လာကာ ကိုယ်ပိုင်လုပ်ငန်းများလည်းရပ်တန့်ထားရသဖြင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေးအခက်အခဲ ဖြစ်နေ ကြောင်း သိရသည်။

“လက်ရှိအနေအထားမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုများလာ တော့ စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ ပိုဆိုးလာနိုင်တယ်။ အထူးသဖြင့် အသက်မွေးဝမ်းကြောင်းတွေ အကုန်ပျက်ကုန်ပြီး ရှိတဲ့အရာတွေအားလုံးထားခဲ့ရတော့ စာဝတ်နေရေးက ရေရှည်မှာ အကူအညီ မရရင် အကုန်ဒုက္ခ ရောက်ကုန်မယ်” ဟု စောလေးကပေါ်ကပြောသည်။

စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ အကူအညီပေးနေပုံအချို့(ဓါတ်ပုံ- KPSN)

“ဒေသခံတွေအတွက် တနိုင်တပိုင် ဝိုင်းဝန်းကူညီနေတာတွေတော့ ရှိပါတယ်။ မြို့ဘက်က အကူအညီတွေ လာတဲ့လမ်းတွေကိုလည်း စကစက နည်းမျိုးစုံ နှောင့်ယှက်ဒုက္ခပေးနေတော့ နယ်စပ်အကူအညီပဲ အများ ဆုံး အားထားနေရတယ်။ အခက်အခဲဆုံးက ဆေးဝါမလုံလောက်မှု၊ ဆရာဝန် မလုံလောက်မှုတွေပဲ”  ဟု KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအကူအညီများ၊ ကျန်းမာရေး အကူအညီ များလိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ အကူအညီပေးနေပုံအချို့(ဓါတ်ပုံ- KPSN)

KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၆၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေး ပေါ် အကူအညီများလိုအပ်နေကြောင်း ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် " First 100 Days: KNU In New Era” သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောကြားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly