တပ်ဖွဲ့သစ်တည်ထောင်ခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့ဆို

By 007 (မဇ္ဈိမ)
06 September 2023
တပ်ဖွဲ့သစ်တည်ထောင်ခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့ဆို
ပုံစာ - မတ္တရာမျိုးမှန်တပ်ဖွဲ့မှထုတ်ပြန်ထားသော တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းအခမ်းအနားမှတ်တမ်း ဓာတ် ပုံများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှနှုတ်ထွက်ပြီး မတ္တရာမျိုးမှန်တပ်ဖွဲ့(Madaya The Authentic Genes Force-MDA AGF) ဖွဲ့စည်းခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ဘဲ တော်လှန်ရေးအတွက် ပိုမိုအားကောင်းလာစေ မည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

ခေါင်းဆောင်သုံးဦး တာဝန်မှရပ်စဲခံရသဖြင့် တဖွဲ့လုံးနှုတ်ထွက်ကာ တပ်ဖွဲ့အသစ် တည်ထောင်လိုက်ခြင်း မှာ တော်လှန်ရေးကာလ အကွဲအပြဲဇာတ်လမ်းတပုဒ်မဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

“အကွဲအပြဲဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး၊ နားလည်မှုလွဲတာကနေဖြစ်လာတဲ့ ပွတ်တိုက်မှုတစ်ခုပါ၊ အချို့ ပွတ်တိုက်မှုတွေဟာ တော်လှန်ရေးကို ပိုမိုအားကောင်းလာစေပါတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး လက်မှတ်ရေး ထိုးထားသည့်အမိန့်စာဖြင့် ပကဖခေါင်းဆောင်သုံးဦးကို တာဝန်မှရပ်ဆိုင်းလိုက်သဖြင့် တဖွဲ့လုံးနှုတ်ထွက် ကာ တပ်ဖွဲ့အသစ်တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ပကဖခေါင်းဆောင်သုံးဦးကို တာဝန်မှရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့တာဝန်ရှိသူများအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကပါ ကန့်ကွက်တင်ပြတောင်း ဆိုခဲ့ကြကြောင်း၊ NUG ဘက်မှ တစုံတရာ အကြောင်းမပြန်ခဲ့သဖြင့် တဖွဲ့လုံးနှုတ်ထွက်ပြီး တပ်ဖွဲ့အသစ် တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလောက် အလုပ်လုပ်ထားတဲ့အဖွဲ့ရဲ့တာဝန်ခံသုံးဦးကို ဘာကြောင့် ရပ်ဆိုင်း/အစားထိုးလဲဆိုတဲ့မေးခွန်း ကို MOD (NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန)နဲ့တိုင်းပကဖက ဖြေကြားပေးမှသာ ပိုသင့်တော်မယ်။ ကျွန် တော်တို့ မီဒီယာတွေနဲ့အင်တာဗျူးလုပ်ပြီး ပွဲဆူအောင်လုပ်ဖို့ မရည်ရွယ်ဘူး၊ ဇွန်လမှာထွက်လာတဲ့ အမိန့် စာနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁ ရက်နေ့ရောက်မှ တပ်ဖွဲ့သစ်ဖွဲ့စည်းခြင်းကြောင့်သာ ပြည်သူတွေ သိရတာပါ” ဟု ၎င်းကဆိုသည်။

တပ်ဖွဲ့အသစ်အား မတ္တရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ခံ ၁၀ ဦးပါ ဦးစီးအဖွဲ့၊ တိုက်ခိုက်ရေးတပ်ရင်းများဖြင့် စုစည်းကျစ်လျစ်အားကောင်းစွာ ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NUG ဘက်မှ တစုံတရာ ထုတ်ပြန်လာသည်ကိုမတွေ့ရသေးဘဲ မေးမြန်းနိုင် ရန်အတွက် ဆက်သွယ်နေဆဲဖြစ်သည်။

မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ဆင်ရေးပေါင်း ၇၅ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂၁၉ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ လက်နက်လေးလက်နှင့် ကျည်ဆန်မျိုးစုံ ၁,၃၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ - မတ္တရာမျိုးမှန်တပ်ဖွဲ့မှထုတ်ပြန်ထားသော တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းအခမ်းအနားမှတ်တမ်း ဓာတ် ပုံများ

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required