အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပြော

အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပြော

ထိုင်းနိုင်ငံအနေဖြင့် စက်တင်ဘာလထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ဘေးပန်းပြင်ပတွင် လုံခြုံရေးဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်က ပြောသည်။

မိမိ၏ ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် စက်တင်ဘာလ၏ တတိယမြောက် သီတင်းပတ်မှစပြီး UNGA ကို တက်ရောက်သွားမည် ဖြစ်ကြောင်း မစ္စတာ ဆရတ်သာက စက်တင်ဘာ ၄ ရက်တွင် ပြောသည်။

မစ္စတာ ဆရတ်သာသည် နိုင်ငံတွင် သုံးလကြာ နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတရပ်နောက်ပိုင်း ဩဂုတ်လက ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရသူဖြစ်သည်။

မစ္စတာ ဆရတ်သာ သည် စက်တင်ဘာ ၅ ရက်တွင် ဘုရင် မဟာ ဝီဇယလောင်ကွန်း၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုသွားမည် ဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း ပါလီမန်ထံ တင်ပြရမည့် ၎င်းတို့ အစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာ ဦးစားပေးကိစ္စများနှင့်ပတ်သက်ပြီး အပြီးသတ်လုပ်ဆောင်ရန် အလုပ်များလျက် ရှိသည်။

ယင်းအတွက်ကြောင့် မစ္စတာ ဆရတ်သာသည် ယခုသီတင်းပတ်ထဲ ဂျကာတာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်မည် မဟုတ်ဟု သိရသည်။

၎င်း၏ UNGA ခရီးစဉ်တွင် ထိုင်း၏ အသစ်ခန့်အပ်ခံရသော စစ်ဦးစီးချုပ်လည်း ၎င်းနှင့်အတူ လိုက်ပါလာမည် ဖြစ်ပြီး အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးသွားရန် ရှိသည်ဟု မစ္စတာ ဆရတ်သာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly