အေစီမီလန်တွင် ဘာလော့တယ်လီဆက်ရှိရန် မထိုက်တန်

အေစီမီလန်တွင် ဘာလော့တယ်လီဆက်ရှိရန် မထိုက်တန်

ဧပြီ ၉၊ မီလန် ။              ။ လီဗာပူးလ်မှအငှားလာကစားနေသည့် တိုက်စစ်မှူးဘာလော့တယ်လီသည် အေစီမီလန်အသင်းတွင်ဆက်ရှိနေရန် မထိုက်တန်ဟု အသင်းအမှုဆောင်အရာရှိချုပ်ကပြောသည်။

၂၀၁၄ တွင် လီဗာပူးလ်အသင်းသို့ ပေါင် ၁၆ သန်းဖြင့်ရောင်းချခြင်းခံရသည့် အသက် ၂၅ နှစ်ရှိဘာလော့တယ်လီသည် အသင်းဟောင်း အေစီမီလန်တွင် လက်ရှိရာသီ၌ ၁၇ ပွဲကစားပြီး သုံးဂိုးသာသွင်း ထားနိုင်သည်။

"အသင်းမှာပဲဆက်နေချင်စိတ် သူ့မှာရှိတယ်။ အဲဒါကို ခြေစွမ်းနဲ့သက်သေပြဖို့ မျှော်လင့်ပါတယ်။ အဲဒီအတိုင်းလုပ်ဖို့လည်း ပြောခဲ့ပြီးပါပြီ။ အသင်းမှာသူဆက်ရှိဖို့ မထိုက်တန်ဘူး"ဟု အမှုဆောင်ချုပ် ဂယ်လီယာနီက ပြောသည်။

အီတလီလက်ရွေးစင် ဘာလော့တယ်လီသည် အငှားစာချုပ်သက်တမ်းကုန်မည့် ဇွန်လတွင် လီဗာပူးလ်အသင်းသို့ ပြန်ရဖွယ်ရှိနေသည်။

"သူဆက်နေချင်ရင် သူ့ဆီကအကောင်းဆုံးခြေစွမ်းကိုလိုချင်တဲ့ ကျွန်တော့်တို့ကို ယုံကြည်လာအောင်လုပ်ပြဖို့ပြောထားခဲ့ပါတယ်။ သူက ကတိပေးခဲ့ပြီး ကျွန်တော်လည်းမျှော်လင့်ခဲ့တယ်"ဟု ဂယ်လီယာနီက ပြောသည်။

အဆင့် ၆ နေရာမှ အေစီမီလန်အသင်းသည် စီးရီးအေလက်ကျန်ခုနစ်ပွဲကျန်နေသေးချိန်၌ အဆင့် ၂ နေရာမှ နာပိုလီကို ခြောက်မှတ်ဖြတ်ထား သည့် အမှတ်ပေးဇယားထိပ်မှ ဂျူဗင်တပ်အသင်းကို စနေနေ့တွင် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly