Cluster ဗုံးများ သုံးစွဲနေခြင်းအတွက် မြန်မာကို လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

Cluster ဗုံးများ သုံးစွဲနေခြင်းအတွက် မြန်မာကို လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ
Remnants from a cluster bomb attack on Mae Ka Neh in Kayin/Karen state, April 2023. Photo: KNLA

မြန်မာစစ်တပ်၏ cluster (ပဒေသာဗုံးများ) သုံးစွဲနေခြင်းအတွက် လူ့အခွင့်အရေး ညွန့်ပေါင်းအုပ်စုက ကြာသပတေးနေ့တွင် ရှုတ်ချပြီး ယင်း လုပ်ရပ်ကို ချက်ချင်းရပ်ရန် တောင်းဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းထားသည့် စစ်ကောင်စီသည် နေရာများစွာတွင် ထိုသို့သော လက်နက်မျိုးကို အသုံးပြုနေပြီး အနီးဆုံးအားဖြင့် ဇွန်လအတွင်းမှာပင် အသုံးပြုထားကြောင်း Cluster Munition Coalition (CMC) အဖွဲ့က ပြောသည်။

ယင်းသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ရာ ရောက်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

“cluster ဗုံးတွေ မြန်မာက ထုတ်လုပ်ပြီး သုံးစွဲနေတာဟာ အလွန် စိုးရိမ်စရာ ကောင်းတယ်၊ မဆင်မခြင် ဒီလက်နက်တွေ သုံးတာကြောင့် အရပ်သားတွေ သေဆုံးထိခိုက်နေတယ်”ဟု CMC မှ သုတေသီ မိုဆာ ပေါင်ဆူဝန်က ပြောသည်။

“ဒီ ဗုံးလက်နက်တွေ သုံးစွဲဖို့ အကြောင်းပြချက် မရှိနိုင်ဘူး၊ အစိုးရတွေ အားလုံးအနေနဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ ဒီလက်နက်တွေ သုံးစွဲနေတာကို ရှုတ်ချသင့်ကြပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၁၁၂ နိုင်ငံ ပါဝင်လက်မှတ်ထိုးပြီး လက်နက်လက်နက် ၁၂ မျိုးကို ချမှတ်သည့် ၂၀၀၈ သဘောတူညီချက်တစ်ရပ်တွင် ပါဝင်လက်မှတ်ထိုးထားခြင်း မရှိပေ။

နိုင်ငံအတွင်း cluster ဗုံးများ သုံးစွဲနေခြင်းကို ဓာတ်ပုံများ အပါအဝင် သတင်းအချက်အလက်သစ်များ စုစည်းပြီး သိရှိရခြင်း ဖြစ်ကြောင်း CMC ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စောင့်ကြည့်ရေးအဖွဲ့က မြန်မာကာကွယ်ရေးဝန်ကြီးဌာသို့ cluster ဗုံးလက်နက်များ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်း ရှိမရှိကို အတည်ပြုရန် သို့မဟုတ် ငြင်းဆန်ရန် မေးမြန်းထားသော်လည်း တုံ့ပြန်မှု မရှိသေးကြောင်း CMCu ပြောသည်။

နိုင်ငံတဝန်း ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း အထက် တားမြစ်လက်နက်များတွင် ပါဝင်နိုင်မည်မဟုတ်ဟု မြန်မာနိုင်ငံက ၂၀၁၉ နိုဝင်ဘာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောထားသည်။

CMC သည် ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၀၀ နီးပါးတွင် အခြေစိုက်သည့် လူ့အခွင့်အရေးအဖွဲ့များ ညွန့်ပေါင်းအဖွဲ့တရပ်ဖြစ်ပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့ကဲ့သို့ အဖွဲ့များ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly